မုန်းတိုင်းတွေ
ကြမ်းစမ်းပါစေ
မိုးတွေသဲထန်စမ်းပါစေ
ဆူးခင်းလမ်းတွေ
ကြမ်းစမ်းပါစေ
ပင်လယ်ပြင်ကြီး
ကျယ်စမ်းပါစေ
ခရီး မိုင်ရှည်
ဝေးစမ်းပါစေ
မာယာလှည့်ကွက်တွေ
များစမ်းပါစေ
တံခါးတွေ ပိတ်ထားစမ်းပါစေ
လူတွေနှာခေါင်းတွေ
ကဲ့ရဲ့ရှုံ့ ချပါစေ
ငါတို့ မျှော်လင့်ချက်တွေဟာ
မြှားတစ်စင်းလိုပဲ
ဦးတည်ရာကို
အားလုံးကိုကျော်ဖြတ်ပြီး
ဒိုင်းဒိုင်းဒိုင်း ခနဲပစ်မှတ်ကိုထိစေရမယ်
ရဲမင်းလေး
No comments:
Post a Comment