့home
ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်
Monday 30 November 2015
အောင်မြင်တဲ့သူ (၀ါ) ခေါင်းဆောင်ကောင်းဖြစ်နိုင်မည့် အချက် (၁၀)ချက်
ဤဆောင်းပါးကို ကမ္ဘာကျော် success magazine မှ ကောက်နုတ်ဘာသာပြန်ဖော်ပြထားသည်
www.success.com/   Teanslated by yeminlay
အရေးကြီးတဲ့ တာဝန်တွေ အတွေ့ ကြုံတွေနဲ့ လူတစ်ယောက်လို ခင်ဗျား ခေါင်းဆောင်ဖြစ်ဖို့ 
စဉ်းစားဖူးသလား ။ စဉ်းစားပါ အကြိမ်ကြိမ် အောင်မြင်တဲ့ခေါင်းဆောင်ဖြစ်ဖို့ စဉ်းစားပါ။
ခေါင်းဆောင်ကောင်းတွေတိုင်းမှာ အထင်ကြီးလောက်စရာလုပ်စရာတွေ ကုမ္မဏီ အခမ်းအနားတွေ
ထက် တခြား အောင်မြင်ဖို့ နည်းလမ်းကိုပဲ အချိန်တိုင်းစဉ်းစားနေတယ်။
သူတို့ တွေဟာ လုပ်ငန်းခွင် သို့ မဟုတ် အသင်းအဖွဲ့ စည်းအတွက်တစ်စုံတရာကို ထောက်ပံ့ဖို့  ပဲကြံစည် နေကြတယ် ။
ကန်ဒေ့စ် ဟာဆိုရင် ကြီးမားတဲ့ စိတ်အားထက်သန်မူ့  သစ်လွင်တဲ့ အတွေးအခေါ်တွေနဲ့ ပဲ
အဖွဲ့ စည်းတစ်ခုကို လွန်ခဲ့ တဲ့ နှစ်ကဆက်သွယ်ခဲ့ တယ်။
ကန်ဒေ့စ် ဟာ အဖွဲ့ စည်းအတွက် ကုမ္မဏီရဲ့ ဖောက်သည်တွေအတွက်တစ်ဦးချင်းစီကို ခိုင်မာတဲ့ 
ဆက်ဆံရေးတိုးတက်ဖို့  အသွေးခေါ်အသစ် ၊နည်းပညာအသစ် ၊အကြံညာဏ်အသစ်တွေရှိတယ်
သူ့ ရဲ့ ဆုံးဖြတ်ချက်တွေကသူ့ ကိုယ်သူပင်မှန်ကန်ရုံမကပဲ ၀န်ထမ်းတွေကို အမြဲတမ်း အကောင်းဘက်ကို ဦးတည်စေခဲ့တယ်။
ကန်ဒေ့စ် ဟာ လွန်ခဲ့ တဲ့ နှစ်အနည်းငယ်ကပဲ college ကကျောင်းပြီးခဲ့ တယ် သူဟာလုံးဝ
ခေါင်းဆောင်ကောင်းသာမက  သူကိုယ်တိုင်၌ကပင်စံနမူနာဖြစ်အောင်နေထိုင်ခဲ့တယ်။
သင်ကိုယ်တိုင်ဘာပဲလုပ်လုပ်ခေါင်းဆောင်ကောင်းဖြစ်လိုသလား ဒါကြောင့်ခေါင်းဆောင်ဖြစ်ဖို့ 
အတွက် ပြုမူနေထိုင်ရမည့် ၁၀ ချက်  ကို  ကျနော့်အမြင်လေးဖော်ပြစေလိုပါတယ်
Thursday 26 November 2015
ခေတ်သစ်ဝိသာခါ(သို့ ) မစ္စက်မေရီဖော်စတာ
ခေတ်သစ် ၀ိသာခါ (သို့ ) မစ္စက်မေရီဖော်စတာ
ဆောင်းပါးကို တောင်တွင်းကြီးဆရာတော် အသျှင်ဥက္ကဌ ၏ဘ၀ဖြစ်စဉ် စာအုပ်မှကောက်နုတ်
ဖော်ပြသည်။ မြန်မာရဟန်းတော်များ  မြန်မာဗုဒ္ဓဘာသာဝင်များ ဘုရာဖူး ဒကာ ဒကာမများ
အိန္ဒိယသို့ ဘုရားဖူး သွားရင်း ကာလကတ္တားသို့ ရောက်ရှိပါက တည်း ခိုးသောနေရာမှာ
“မဟာဗောဓိဓမ္မသာလာ” ပင်ဖြစ်သည်။ ထိုမှတဆင့် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားကြခြင်းဖြစ်သည်
 အသျှင်ဥက္ကဌ သည်လည်း မြန်မာပြည်ကပင် ဆက်သွယ်စုံစမ်းခဲ့ ပြီးဖြစ်သဖြင့် သဘောင်္မှဆင်း
လျှင်ပင်“မဟာဗောဓိဓမ္မသာလာ”     သို့ တိုက်ရိုက်လာခဲ့ သည် ။ဤတွင် ရှင်အာဒိစ္စ၀ံသနှင့်
စတင်တွေ့ ဆုံရသေသည်။ ရှင်အာဒိစ္စ၀ံသ ကား မြန်မာနိုင်ငံတွင် ပထမဆုံး ပကာသနိယ ဘွဲ့ 
ဆွတ်ခူးခဲ့ သော ပုဂ္ဂိုလ်ထူးပင်ဖြစ်သည်။ ရန်ကုန်မြို့ တောင်လုံးပြန်ရပ်ကွက် စက်ရုံလမ်းရှိ
ရှင်အာဒိစ္စ၀ံသကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ဖြစ်သည်။ထိုချိန်က ပကာသနိယကံပြု
ခြင်းမခံရသေးပါ။
“မဟာဗောဓိဓမ္မသာလာ” ၏အလှူရှင်မှာ မစ္စက်မေရီဖော်စတာ  ဆိုသူ အမေရိကန်အမျိုးသမီးကြီး
ဖြစ်သည်။ခင်ပွန်းဖြစ်သူမှာ အလုပ်ရုံကုမ္ပဏီကြီးများကို ပိုင်ဆိုင်သော သန်းကြွယ်သူဌေးကြီး
မစ္စတာဖော်စတာဆိုသူဖြစ်သည်။ သူတို့ တွင် အရွယ်ရောက်ပြီးသော သားနှစ်ယောက်ရှိသည်
Wednesday 31 December 2014
မိုးမျှော်သူ
*****နွေနှောင်းအကုန်        မိုးဦးဝင်စ          
တိမ်ပြာရစ်စိုင်း                   ညို့ မှိုင်းအသွင်
  လေပြင်းထန်လာ                မိုးဖျောက်ပါလျက်
ထွန်ပျောက်ကိုရှာ             ညီနောင်စွဲလျက်
ဓားမဦးချ ဘိုးပိုင်ဘွားပိုင်       လယ်တောမြိုင်ထဲ
ကိုယ်စီဝင်လျက်          သီးနှံစိုက်ပျိုး
          ဓလေ့ထုံးသည်         မိုးမျှော်သူတို့ ပျော်ရာ၏    
လယ်တောကိုမှီ          ရာသီအလိုက်
စပါးသီးနှံ                 ယာကိုင်းခြံထွက်
ဝမ်းရေးဖက်နှင့်               သာရေးနာရေးဘာသာရေးနယ်
           မပြတ်စေငှ      ဒီနိစ္စဓူဝကျင်လည်ခဲ့သည်    
မိုးမျှော်သူတို့ သံသရာခရီး
တောအုပ်လဲပြောင်               မိုးလည်းခေါင်        
 ရာသီလည်းဖောက်        ကျွန်တပေါက်နှယ်         
သားလှမနေ             တစ်ပြည်ကျော်တက်
လယ်ပျောက်ယာပျောက်         ဓလေ့ပျောက်တယ်                
ရှင်ကွဲသေကွဲ          ပျက်သုန်းမလှ         
တောင်သူ့ ဘ၀(သို့ ) မိုးမျှော်သူ
Friday 12 December 2014
မိတ်ဆွေ
မိတ်ဆွေ
   မိတ်ဆွေ လမိုက်ညအောက်မှာ    လမ်းပျောက်ခဲ့ ရင်
   ပိုးစုန်းကြူးကို မိတ်ဆွေကောင်း ဖြစ်အောင်ကြိုးစားခဲ့ရင်
   သူ့ ရဲ့ ကျေးဇူးကိုမမေ့သင့်သလို  မိတ်ဆွေအဖြစ်မှဆုံးရှုံးမသွားစေနဲ့ 
   နောင်တနဲ့ တန်းဖိုးကို နောင်မှသိလိမ့်မယ်...
   မိတ်ဆွေ  24နာရီရဲ့ တစ်နေ့ တာချိန်ခဏလေးမှာ
   မြင့်မြတ်တဲ့ စိတ်ထားပြီး အချိန်ကိုကုန်ဆုံးသွားမှာလား
   အမုန်းတွေနဲ့ စိတ်ထားပြီး အချိန်ကိုကုန်ဆုံးသွားမှာလား
   တစ်နေ့ ရဲ့ 24 နာရီဟာ ကုန်ဆုံးသွားနေမှာပါ
   နောက်နေ့ မနက်ဖြန်များကို ဘယ်လိုစိတ်နဲ့ ဦးဆောင်မှာလဲ
   မိတ်ဆွေ  ရေအတိမ်အနက်ကိုသိချင်ရင်
   ကြာပင်ကိုနုတ်ကြည့်သိနိုင်သလို
   ရွံ့ ရဲ့ တန်းဖိုးကိုသိချင်ရင် သစ်ပင်တွေကိုကြည့်ရင်သိနိုင်ပေမဲ့ 
   လူတစ်ယောက်ရဲ့ တန်ဖိုးကိုသိချင်ရင်  အ၀တ်အစားနဲ့ မဆုံးဖြတ်မိစေနဲ့ 
   သူ့ ရဲ့ အားလပ်ချိန်ကိုဘယ်လို  အသုံးချတယ်ဆိုတာကြည့်ပါ
   မိတ်ဆွေ   လျှောက်နေတဲ့ လမ်းမှာ    
   ရွေးချယ်စရာ လမ်းများ ကြုံကြိုက်ရင်
   သင့်ကို လမ်းမှန်ပြပေးနိုင်တာဟာ
   ဖန်ဆင်းရှင်မဟုတ် စာအုပ်သာဖြစ်လိမ့်မည်
   မိတ်ဆွေ သူရဲကောင်းဆိုတာ
   နဂါးနဲ့ တီကောင်လိုခြားနားသလို
   မိတ်ဆွေအစစ် ရန်သူအစစ် ဆိုတာ
   ဟန်ဆောင်မိတ်ဆွေတွေနဲ့ ခြားနားပါတယ်
   ကျွန်ုပ်မိတ်ဆွေအစစ်နဲ့ ရန်သူအစစ်ကိုသာ အလိုရှိပါတယ်
   သင်ဘာကိုရွေးမလဲ  အဆင်သင့်ပါပဲ
ရဲမင်းလေး(လယ်သာစု)
ကိုယ်ပိုင်ရေးကဗျာများဖြစ်သည့်အတွက်  
ကူယူဖော်ပြလိုလျှင် ခွင့်တောင်ပြီး
စာရေးသူ နာမည်ကိုညွန်းပေးပါ 
ကျေးဇူးအထူးတင်ပါသည်။
Tuesday 30 September 2014
ဒီမိုကရေကျွန်
ငိုကြွေးအော်ဟစ်သံတွေ     အာကာပြင်ထက်ပျံ့ နှံ့ 
ကောင်းကင်းတခွင်လုံး အမှောင်ဖုံး     အမှောင်ဆုံးတဲ့ညတွေ
အိမ်မက်ဆိုးကခြောက်လန့်       အိပ်ပျက်တဲ့ညတွေ
ဘယ်သူမှမသိသလို        ဘယ်သူမှမသနား
အခါခါရှုံးခဲ့တိုက်ပွဲ       အနိုင်လဲမလိုချင်တော့
အမိရင်ကိုခွာ     ကံစွန့် လို့ မလုံရာ
သံသယမျက်လုံး    ချဉ်စက်စက်အကြည့်
 ဟန်ဆောင်အပြုံးပြည့်နက်     ကြင်ငတ်တဲ့ အသိုင်းအဝိုင်းကြားမှာ
                     ငါတို့ ရှင်သန်လှုပ်ရှားနေရတယ်.....
အတောင်မစုံ         အသိုက်မြုံဆီက
ငှက်တစ်ကောင်လို     ကောင်ကင်ပြာလေဟာနယ်ထဲ
လွတ်လပ်စွာပျံသန်းချင်သလို    ငါတို့ ဘဝတွေဟာလဲ
လွတ်လပ် ခြင်းကို   မြင်သာမြင်ပြီး   
 မမြင်နိုင်တဲ့ချူပ်နှောင်မူ့ တွေ ကိုရုန်းမထွက်နိုင်ဘူး.....
အကူးပြောင်းမှာ    တူးမြောင်းကိုကျော်ဖို့ 
အင်အားလဲမရှိ       ဒီဒဏ်ရာတွေကြောင့်ပဲ
တချို့တချို့ ဘဝ      နိဂုံးမလှခဲ့ဘူး
ဒဏ်ရာတွေအသားရစ်ဖြစ်လို့ 
ဆူးတစ်ချောင်းနစ်ဝင်တာငါမသိ
နောက်ကျောမှာ  လူယုံဓားဒဏ်ကြောင့်
ဒုက္ခတွေနဲ့ သူ့ ကို ငါ ကျောမပိုးနိုင်ဘူး......
 သေချာတာ    မြေတစ်နေရာငါမရှိ
  မက်လုံးတွေ များများ ပေးလူစိမ်းတွေ
  တို့ အလံကိုင်လို့   ပိုင်ရှင်မှာ ငိုင်နေရပြီ
  ရွာအပြင်  စီးမှာနေ
ေေ ရွှေမြန်မာတွေ  ကင်းလှည့်အလား
ရွာလယ်မှာ  ရောင်စုံမလှရယ်
နန်းပျောက်မည့်အလား.....
                                                ရဲမင်းလေး(လယ်သာစု)
Thursday 4 September 2014
ကျနော်နဲ့ဘတ်ငါးဆယ်
မိုင်ပေါင်းများစွာကျော်ဖြတ်လာတဲ့ လေပြေအလား
ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီး ရောက်လာနေတဲ့ လေပြေအလား
အတိတ်ကအရိပ်တွေသယ်ဆောင်ပြီး
 ငါ့ နှလုံးသားကိုလှုပ်ခက်သွားတဲ့ လေပြေရယ်
မီးရောင်စုံတွေအောက်မှာ အလှမျိုးပေါင်းကိုယ်စီနဲ့
စုံတွဲကိုယ်စီနဲ့လိုက်ဖက်တဲ့ညနေချမ်းလေးရယ်
ကျော်ပိုးအိပ် ဂျင်းဘောင်းဘီ ရှပ်အင်္ဂျီလက်ရှည်ဝတ်ထားတဲ့
ငေးငိုက်မိနေတဲ့ ငါ့မှာ အိမ်ကိုသာလွမ်းနေမိတယ်.....
ခံစားချက်မရေမရာ ခြေလှမ်းတွေနဲ့ 
တစ်ယောက်ထဲလမ်းလျှောက်လာရင်း
သူရိန်မင်းငါ့ကိုအနောက်အရပ်က နုတ်ဆက်နေပြီပေါ့
ရေဆာလှပြီ ဂျင်းဘောင်းဘီထဲနှိုက်ကြည့်တော့ 
ဘတ်ငွေ ငါးဆယ် ကျန်တော့တယ်
ကားခနဲ့တစ်ဆယ့်ငါးဘတ်တန်ရေတစ်ဘူးဝယ်လိုက်ပြီး
ပတိုနန်းခေါ်တဲ့မြို့ လယ် 
လူတွေခြေခြင်းလိမ်ပြီး ကိုယ့် လမ်းကိုလျှောက်လို့ 
ငါ့မှာ ခြေထောက်စုံရပ်ပြီး
အတိတ်မေ့ နေတဲ့ အရိပ်တွေဆွဲခေါ်သွားခဲ့ပေါ့
နာရီစင်ကိုကြည့် လိုက်တော့  အိမ်ပြန်ဖို့ အချိန်တန်ပြီ
ငါစီးတဲ့ ဘတ်စ်ကားနံပါတ် 509 
အိမ်ပြန်လမ်းမရောက်ခဲ့ရင် ကားခအပိုမရှိတော့
ATM card လဲမပါ Passport ခါးထိုးပြီး
လက်ကျန် သုံးဆယ့် ငါးဘတ် ကားခ နှစ်ဆယ့် ရှစ်ဘတ်
လက်ကျန်လေး ခုနစ် ဘတ် နဲ့
တစ်ယောက်ထဲဒုက္ခတွေ့ ပေါ့
အားမငယ်ဘူး အားတင်းရင်း
ဘောင်းဘီအိပ်ထဲက mobile phone ထုပ်တော့
phone bill ကကုန် စုပုံလာတဲ့တလွဲများ
ငါတစ်ယောက်ခက်တည်တည်နဲ့ ပြုံးမိတယ်
အချိန်တန်လို့ ကားထွက်ပြီ
ပီမိုးနင်းစာ အုပ်ကလေး ဖွင့် လိုက်တော့ 
ငါတစ်ကယ်ကံကောင်းတယ်ဆိုတာ သိလိုက်ပြီ
ဆရာပြောတဲ့ ကြိုတင်ပြင်ဆင် ခြင်းက ခြေတစ်လှမ်းပိုတယ်ဆိုတာ
ငါ့ အတွက်တော့ နပိုလျံ နှင်းတောင်ကျော်ဖြတ်သလိုပါပဲလား
ခဏကြာတော့ တစ်နေ့ တာအလွဲများနဲ့
ဘတ် ငါးဆယ် စဉ်းစား    အဲကွန်းကိုဖွင့်
သက်ပြင်းအကြိမ်ကြိမ်ချပြီး
အချိန်ကိုတန်ဖိုးထားတတ်တဲ့ငါ
ဘတ်စ်ကားပေါ်မှာ အိပ်စက်အနားယူရင်း
ခဏလေးမေ့ မျောသွားပေမဲ့
ငါ့အတွက်တော့  ဘတ်ငါးဆယ် 
မင်းဟာသင်္ခန်းစာမှတ်တိုင်လေးပါ...
ရဲမင်းလေး(လယ်သာစု)
Friday 22 August 2014
ကုလားထိုင်
လူ့ ဘုံဘ၀ အနိမ့် အမြင့် အဆင့်ဆင့်နှင့်
လူ့ ရဲ့ တန်ဖိုး အမျိုးမျိုးဟုယူဆလေသည်
ဟိုလူဒီလူ လုယှက်ကျော်ခွ 
အရောက်သွားချင် ပန်းတိုင်ထင်ပြီး
ထိုင်ချင်ခဲ့တဲ့  ကုလားထိုင်
မြင်အောင်ကြည့်လော့  ရူ့ ထောင့်စုံလင်
ကိစ္စကြီးငယ် သူ့ နေရာယူ      ကုလားထိုင်ပမာ
ထိုင်ချင်သူများ အောက်ခြေလေးထောက်
တစ်ထောက်မခိုင် ထိုနည်းပမာ
မညီညာက သင့်ဘ၀သည်
တစ်ထောက်ဟုသာ သိရမည်
ထိုသို့ သိမြင်လူ့ တစ်ခွင်မှာ ခွင့်လွှတ်တတ်ခြင်း
သံသယကင်း၍   ငါလဲသူ့ လိုသူမရှိမှ
ငါ၏အလုပ်မဟုတ်တရုတ်ဖြစ်ရပြီ
အကွေ့ ကောက်သာ  ဒီဘ၀ခရီးဝယ်
ရှည်လျားထွေများ  ရှုပ်ပုံ များလည်း
ညီညာကျော်ဖြတ်မုချဧကန်
သံသရာအလှည့် ငါတို့ တာဝန်ကိုယ်စီယူရင်း
ခြေရင်းစုံစွာ ကုလားထိုင်မှာ
မြဲမြဲညီညာ တည်တန့် သာ၏
ရဲမင်းလေး(လယ်သာစု)
Thursday 14 August 2014
Window 9 pro iso+preactivated 64 bit
window 9 လေးပါ
အသစ်ထွက်ဆိုတော့ သူငယ်ချင်းတွေ
လဲစမ်းသုံးချင်ကြမယ်ထင်လို့ 
 iso ဖိုင်ရှာထားပေးပါတယ်
သုံးချင်တဲ့သူငယ်ချင်းများ အောက်က
လင့် တိုင်း ဒေါင်းလော့ ယူပြီး သုံးကြည့်
ကြပါ
http://softwareblue.blogspot.com/2014/05/windows-9-professional-iso-preactivated.html
http://softwareliku.blogspot.com/2014/05/windows-9-professional-iso.html
အဆင်ပြေတဲ့နေရာကနေဒေါင်းပါ
အားလုံးကိုအစဉ်လေးစားလျက်
  ရဲမင်းလေး(လယ်သာစု)
Wednesday 13 August 2014
ချစ်သမီးလေးအတွက်
သမီးလေး....
 အလှဆုံးဆိုတဲ့ဂန္တ၀င်အလှတွေ
အလှဆုံးဆိုတဲ့ပန်းချီကားတွေ
 အလှဆုံးဆိုတဲ့ ရူခင်းတွေ
အသာယာဆုံးဆိုတဲ့ နံနက်ခင်းတွေ
အသာယာဆုံးဆိုတဲ့ ညနေ ဆည်းဆာ နေ၀င်ချိန်တွေ
အသာယာဆုံးဆိုတဲ့ မြင်းကွင်းတွေ ကို ဖေဖေမြင်းဖူးခဲ့ပါတယ်
အလှဆုံး အသာယာဆုံးဆိုတဲ့ အရာတွေအားလုံးဟာ မျက်နှာငယ်လေးတွေဖြစ်သွားကြတယ်
သမီးလေး....
အသာယာဆုံးဆိုတဲ့ ဂီတသံစဉ်တွေ
အသာယာဆုံးဆိုတဲ့ သီချင်းတွေ
အသာယာဆုံးဆိုတဲ့ ငှက်ကလေးတွေ တေးဆိုသံတွေ
ဒါပေမဲ့ ဟော့ ဒီငါ့သမီးလေး ရဲ့ငိုသံလေးကိုဖေဖေကြားလိုက်ရတဲ့အချိန်ကစပြီး
အသာယာဆုံးဆိုတဲ့ အရာတွေအားလုံးဟာ နားဝင်ခါးသွားကြတယ်
သမီးလေး....
ဖေဖေ့ဘ၀မှာ အသက်ရှင်ခြင်းရဲ့ အဓိပ္ပါယ်ဆိုတာရယ်
လူဖြစ်ရတဲ့ အဓိပ္ပါယ်ဆိုတာရယ်
ဘ၀ကိုရုန်းကန်လှုပ်ရှားခြင်းရဲ့အဓိပ္ပါယ်ဆိုတာရယ်
လိုချင်တက်မက်မူတွေများလာခြင်းရဲ့အဓိပ္ပါယ်ဆိုတာရယ်
အရင်ကဖေဖေနားမလည်ခဲ့ဖူး
ဒါပေမဲ့ ဟော့ဒီသမီးလေးကိုမွေးဖွားပြီးတဲ့နောက်ပိုင်းကစပြီး
အရာအားလုံးရဲ့အဓိပ္ပါယ် ဟာ သမီးလေးအတွက်ဆိုတာ နားလည်ခဲ့တယ်
သမီးလေး....
ဖေဖေ့ရဲ့နှလုံးသားကို လှုပ်ကိုင်နိုင်သူ
ဖေဖေ့ရဲ့စိတ်ရိုင်းတွေကိုပြုပြင်နိုင်သူ
ဖေဖေ့ကိုပျော်ရွှင်နိုင်အောင်ဖန်းတီးနိုင်သူ
ဖေဖေ့ရှေ့ကအကျည်းတန်မြင်ကွင်း နဲ့ရောင်စုံနှလုံးသားတွေကို
ဖြူစင်သန့် ရှင်းအောင်ဖန်းတီးနိုင်သူ ဟာ ဟော့ ဒီငါ့သမီးလေးရဲ့ အပြုံးတွေကြောင်ပေါ့
သမီးလေး....
သမီးလေးသာဖေဖေဖြစ်စေချင်တဲ့ အနာဂတ်ကို ဆက်ပြီးရေးဆွဲပေးနိင်သူပါပဲ
သမီးလေးသာ ဖေဖေ့ အနာဂါတ်ကို ပုံဖော်နိုင်သူပါပဲ သမီးလေးရယ်...
              ရဲမင်းလေး(လယ်သာစု)
Saturday 26 July 2014
လမ်းခုလတ်
 လမ်းခုလတ်တစ်ခု    ငါကျော်ခဲ့ပြီ
ဆက်လျှောက်နေဆဲ လမ်းအိုဟောင်းကို
ကျောခိုင်းချင်ပြီး အသစ်ပြန်ဖြစ် ငါပြန်တွေးခဲ့
လမ်းခုလတ်..........
ငါပြန်ချင်လဲ ဆက်လျှောက်မည့် လမ်း ငါနောက်ကျမည်
ငါသိနေလဲ ငါ့ ခြေလှမ်းတွေ 
သွား တိုင်းစိတ်မပါ သွားချင်နေခဲ့
လမ်းခုလတ်....
ငါခြေစုံကြည့်  လမ်းအိုဆုံးထိ
 နှစ်သွယ် ဆွဲအား အလှတရားကို
ပုထုစဉ် လူသားလိုချင်များမိ  အရှိုက်ထိခဲ့
လမ်းခုလတ်....
သောကဗျာများ လူသားစင်စစ်
ဟိုဟာ ငါ့ဟာ ဒီဟာ မလွတ် 
ကိုယ်ပိုင်လမ်းအို ရှိနေသော်လည်း တမ်းတ မိခဲ့ 
လမ်းခုလတ်......
လိုရ မရ တောင့်တစိတ်တွေ အနိုင်ယူဆဲမို့ 
ငါ့ နှလုံးသားကို ဆွဲထုတ် ယူပြီး မင်းဆီရောက်တဲ့
လမ်းခုလတ်မှာ ငါချိတ်ခဲ့ပြီ
နှလုံးသားမပါ ရင်ဗလာဖြင့်  ငါပြေးထွက်ပြီ လမ်းအို ဆီ..........
ရဲမင်းလေး(လယ်သာစု)
Saturday 29 March 2014
USB drive အမြန်နုန်းမြင့်ကြည့်မယ် (data transfer speed)
အားလုံးမင်္ဂလာပါ ပို့ စ်မတင်ဖြစ်တာလဲ
ကြာပြီ အလုပ်ကလေးနည်းနည်းရှုပ်နေလို့
အရှုပ်ကလေးနည်းနည်းလုပ်နေလို့ပါ
ဒီနေ့ ကျနော်ပြောမဲ့ အကြောင်းကတော့
ကျနော်တို့ user တွေ အများဆုံးသုံးနေကြတဲ့ 
usb stick ပေါ့ အဲကောင်တွေကို
ကျနော်တို့ ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး
data တွေ copy ကူးတဲ့အခါမှာ
ပုံမှန်ထက်နည်းနည်းတော့ ပိုမြန်တဲ့
နည်းလေး ပါ
တကယ်တော့ ဒီ usb stick တွေမှာ
ပုံမှန်အားဖြင့် သူ့ မှာ နဂို speed အမျိုးမျိုးရှိပါတယ်
ဈေးနုန်းလဲ တော်တော်ကွာပါတယ်
တစ်ချို့ က 8 GB ချင်းအတူတူ ပေါ့ ဈေးနည်းတဲ့ကောင်ကိုပဲယူတာများပါတယ်
ဒါပေမဲ့  data transfer speed ကလဲ ကွာသွားပါတယ် သတိထားစေချင်ပါတယ်
 let it be !
ကဲ လွယ်ပါတယ်
ပထမဆုံး usb stick ကို format ချလိုက်ပါ
နောက်တစ်ဆင့် အနေနဲ့ အောက်ကပုံတိုင်းလေး ပြောင်းရွေးထားလိုက်ပါ
file system မှာလဲ အထက်ပါပုံပြထားတဲ့တိုင်း NTFS ရွေးထားပါ 
Quick format ဆိုတာလေး ကို အမှတ်ဖျောက်ထားပါ
Thursday 27 February 2014
၅၉ (စ) နဲ့ပတ်သတ်ပြီးမပြင်ချင်သူများအတွက်
အခန်း(၃)နိုင်ငံတော်အကြီးအကဲ
၅၉။ နိုင်ငံတော်သမ္မတ နှင့် ဒုတိယ သမ္မတ တို့ ၏ အရည်အချင်းများမှာ အောက်ပါတိုင်းဖြစ်သည်
(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူဖြစ်ရမည်။
(ခ) မိမိနှင့်မိမိ၏ မဘနှစ်ပါးစလုံးမှာနိုင်ငံတော်၏ ပိုင်နက်အတွင်း ၌မွေးဖွားသော    တိုင်းရင်းသားမှ
       ဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်
(ဂ)  ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွါးရေး စစ်ရေး စသည့် အမြင်
     များရှိရမည်
(င)  သမ္မတ အဖြစ်ရွေချယ်တင်မြှောက်ခြင်းခံရသည့်အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံး အနှစ် ၂၀
       နိုင်ငံတော်တွင်အခြေချနေထိုင်ခဲ့သူဖြစ်ရမည် ၊ ခြွင်းချက် နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့
     တရားဝင်သွားရောက်သည့်အချိန်ကာလများကိုလည်းနိုင်ငံတော်တွင်အခြေချနေထိုင်ခဲ့သည့်ကာ
  လအဖြစ် ထည့် တွင်းရေတွက်မည်။
(စ) မိမိကိုယ်တိုင်သော်လည်းကောင်း ၊မိမိ၏မိဘတစ်ပါးသော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ်
   ခင်ပွန်းသော်လည်းကောင်း၊ မိမိ ၏ တရားဝင်သားသမီး တစ်ဦးဦး သော်လည်းကောင်း ၊ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့ မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏
  ကျေးဇူးသစ္စာသော်ကိုခံယူ စောင့်ရှောက် ရိုသေသူ သို့ မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ
    ဖြစ်သူ သို့ မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည်နိုင်ငံခြားအစိုးရ၏    လက်အောက်ခံဖြစ်သူသော်လည်းကောင်းတိုင်းတပါး၏နိုင်ငံသားသော်လည်းကောင်းခံစားရသော
 အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကိုခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ
(ဆ) လွတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့်
အရည်အချင်းများအပြင်နိုင်ငံတော်သမ္မတ အတွက်သီးခြားသတ်မှတ်ထားသောအရည်ချင်းများနှင့်
လည်းပြည့်စုံရမည်။
၅၉(စ) လုံးကိုမပြင်ဖို့ ကန့် ကွက်သူများကို ကျနော် ကလေးဦးနောက်နဲ့ ပဲပြောပြော 
ဘယ်လိုပဲထင်ထင် ပေါ့ ကျနော့် အမြင်လေး ကိုကျနော်ရေးချင်ခဲ့တာ ကြာပါပြီ ခု တော့ ရေးဖြစ်သွားပြီ
ပြောချင်တာက ဒီပုဒ်မ ကိုမပြင်ဖို့ တိုက်တွန်းဟောပြောနေတဲ့ သူတွေက အမေစု သမ္မတ မဖြစ်ဖို့ ပဲ
မြင်တာပဲလို့ ကျနော်မြင်ပါတယ် ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာ ကုလား ကိစ္စနဲ့ စပြီး အမေစု
ပေါ်ကို တမျိုး မြင်လာကြတယ် အမျိုးသားရေးကို ဂရုမစိုက်ဘူးလို့မြင်ကြတယ် လူ့ အခွင့်ရေးကိုဦးစားပေးတယ်ဆိုပြီး ယုံကြည်မူ လျော့ပါးလာတယ် 
ကျနော် အမြင်ကိုပြန်လည် တင်ပြချင်ပါတယ် အယူအဆ ကွဲရင်ကွဲမယ် သို့ သော် ကျနော် ရဲ့ right ဆိုတော့ကျနော် ဝေဖန်မယ် လိုချင်တာ ယူ မလိုချင်တာ ထားခဲ့ပေါ့ အမုန်းမပွါးဖို့ ပါပဲ 
ဟုတ်ပြီ ဒါဆို အမေစု နဲ့ သမိုင်းကို ပြန်ကြည့် မယ် 
တိုင်းပြည်တစ်ပြည်လုံးဟာ မွဲ ပြာကျ ဆင်းရဲ နားတွေပိတ် မျက်စိတွေပိတ်ထားခဲ့ တာ နှစ်ပေါင်းများစွာပါပဲ
အဲဒါဘယ်သူတွေ ကလဲ ဆိုတာ စာဖတ်သူသိမယ်
နောက်ပြီး ဒေါ်စု 88 ကနေ ခုချိန်ထိ မြန်မာနိုင်ငံမှာနေပြီး ဒီမိုကရေစီ ရဖို့ အတွက်တိုင်းပြည် သာယာ
ဝပြောဖို့ အတွက် ကောင်းစားစေချင်တဲ့ အတွက် လူနေမူ ကျန်းမာရေး စီးပွါးရေး ပညာရေး 
တွေ မြင့်မားဖို့  အားသွန်ခွန်စိုက် နောက်မစုပ်ပဲ ဒီချိန်ထိ ခေါင်းမာမာနဲ့ ရပ်တည်နေခဲ့ တာ သန်း ၆၀ ကို
ချစ်လို့ ပါ ယုံစမ်းပါ 
နှစ်ပေါင်းများစွာ အတိုက်အခံ ဘ၀နဲ့ နေလာခဲ့တာ ပြည်သူ လူထုရဲ့ ထောက်ခံမူကြောင့်ဆိုတာကိုလဲ
အထင်အရှားပါ အဲဒီလိုယုံကြည်မူနဲ့ အပြန်အလှန် ရှိနေတဲ့အချိန်မှာ ဒေါ်စုနဲ့ ပြည်သူနဲ့ ခုမှ
ဘာကြောင့်စိတ်ဝမ်းကွဲရတယ်ဆိုတာ က ကျနော်က အောက်ပါတိုင်းမြင်တယ်
   နှစ်ပေါင်းများစွား ပြည်သူတွေကိုနိတ်စက် အမှောင်ချ တက်လာတဲ့ သူ ထောင်ချ နေလာခဲ့တဲ့
အစိုးရဟောင်းဟာ ဒီဘက်ခေတ်ကိုရောက်လာတော့ IT ခေတ်ကိုပေါ့ သူတို့ဘယ်လိုမှ ရပ်တည်လို့
မရတဲ့ ချိန်နိုင်ငံတကာရဲ့ ဖိအား  များလာတော့ တိုင်းပြည်ကိုကြည့်တော့ လဲ သူခိုးဂျပိုးကပိုများ
လူတွေကိုကြည့်ပြန်တော့ နိုင်ငံတကာနဲ့ယှဉ်ရင် အဆင့် အတန်းက ဆီနဲ့ရေ 
ဆိုတော့ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ သူတွေ ရှက် လာတယ်ထင်ပါတယ်
နောက်တော့ ဒေါ်စုကိုလဲသမ္မတမဖြစ်အောင် တိုင်းပြည်ကိုလဲ နိုင်ငံရေး ပရိယယ် သုံးပြီး
ဘာသာရေးဘက်ကို ဦးတည်လာခဲ့တယ် သာမန်အားဖြင့်ကြည့်ရင် ဘာသာရေးဟာ သူ့ အလိုလိုဖြစ်တယ်လို့ အစက ထင်ခဲ့တာ ခုကျတော့ အစိုးရရဲ့ လိုချင်တဲ့ တော့ ချက်တွေကို အောင်မြင်နေတယ်ဆိုတော့ သိပ်မရိုးသားတော့ဘူး 
ဘာဖြစ်လို့ လဲဆိုတော့  တစ်ချိန်တုန်းက စုမှစု ဆိုတဲ့ ပြည်သူတွေက ခုတော့  ဒေါ်စု ကိုမဲမပေးဖို့ တိုက်တွန်းလာတယ် နောက်ပြီး နိုင်ငံတကာ NGO တွေကိုအရင်အစိုးရက တစ်ကောင်မှပေးမ၀င်ဘူး ခု တော့ ဝင်လဲဝင်လာကော NGO တွေကို ပြည်သူတွေကိုတိုင်က မောင်းထုပ်ဆန္ဒပြ ပေါ့ အဓိကကတော့ ဘာသာရေးကြောင့်ပေါ့
ကျနော်တို့ မြန်မာဗုဒ္ဓဘာ တွေဟာ ကိုယ့်လူမျိုးကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမူးကိုထိရင်
တပြား သားမှ မခံဘူးဆိုတော့ ဘာသာရေး နဲ့ နိုင်ကွက်တွေ့ တာပဲ အစိုးရက 
အသုံးချနေပြီ ဒါကို လက်ခံတယ် ကျေနပ်တယ်ဆိုရင်တော့ လဲ နေခဲ့ပေါ့ဘာတတ်နိုင်မလဲ 
ကျနော်က တော့ ဒေါ်စု သမ္မတ ဖြစ်မှလို့ လဲမပြောပါဘူး ဘယ်သူ သမ္မတ ဖြစ်ဖြစ် ကိုယ့် နိုင်ငံကို
နိုင်ငံတကာ အလည်မှာ သင့်တောင်းသင့်တည် အောင်လေးတော့ လုပ်ပေါ့ ဘာမှ မတောင်းဆိုပါဘူး
အဲဒါလောက်ပါပဲ 
အထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉ (စ) ကို မပြင်ဘူး ဆိုတဲ့ သူတွေ အဲလောက်ကလေးနဲ့ 
ခင်ဗျားတို့ ကျေနပ်မနေနဲ့ ရှေ့ ရေးကိုတွေ ပါ အပေါ်မှာ ကျနော် highlight ထိုးပြထားပါတယ်
ပုဒ်မ (ခ) ကိုသေချာဖတ်ပါ သေချာစဉ်းစားပါ 
(ခ) မိမိနှင့်မိမိ၏ မဘနှစ်ပါးစလုံးမှာနိုင်ငံတော်၏ ပိုင်နက်အတွင်း ၌မွေးဖွားသော    တိုင်းရင်းသားမှ
       ဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်
 သေချာစဉ်းစားပါဦး နော် ဘာအဓိပ္ပါယ်ပေါက်လဲ နောက်ရေးအတွက်ဘယ်လောက်တောင် 
စိတ်ချရလဲ ဆိုတာ တိုင်းရင်းသားမှ မြန်မာနိုင်ငံသားဖြစ်ရမည် ဆိုတဲ့ စာကို
အဓိပ္ပါယ်အများကြီးဖွင့်လို့ ရတယ် နော် တစ်ခုတော့ ပြောခဲ့လိုက်မယ်
အမျိုးသားရေးလို့ ကုန်းအော်နေတဲက သူတွေအတွက်  ဥပမာ
ကချင်တိုင်းရင်းသား ဘာသာခြား ကရင်တိုင်းရင်သား ဘာသာခြား
ရှမ်းတိုင်းရင်းသား ဘာသာခြားမှာ အစရှိသဖြင့် ပေါ့ အဲလို ထဲ့ရေးရင်တော့ မကောင်းတော့ မကောင်းပါဘူး
ခင်များတို့ အလိုမရှိတဲ့ဘာသာ တွေ မရှိဘူး လို့ ခင်ဗျားတို့ ပြောနိုင်လား 
သမ္မတ ဖြစ်ခွင့်ရှိတယ်ပေါ့  အဲဒီအချက်တွေနဲ့ ပြည့်စုံရင် 
ထက်ပြောလိုက်မယ်  ဒေါ်စု သမ္မတ မဖြစ်ဖို့ မဲမပေးဖို့ ကျတော့် ကုန်းအော်နေတယ်
သခိုးတရိုးကန်းပဲ အစိုးရလိုချင်တဲ့ ပွိုင့် ကလဲ ဒေါ်စု သမ္မတ မဖြစ်ဖို့ ပဲ 
အဲတော့ ထမင်းစားတဲ့ ဦးနောက်နဲ့စဉ်းစားပါ မိမိအသိညာဏ်နဲ့ လူလုပ်ပါ သူတပါးပြောမှ 
နားယောက်မနေနဲ့ 
 တစ်ခုလောက်တော့ထက်ပြောဦးမယ် 
တတ်လို့ ပြောတာတော့မဟုတ်ဘူး ပြောထားပြီးသားပဲ လိုချင်တာ ယူ မလိုချင်တာ ထားခဲ့
ကျနော်တို့ ဗုဒ္ဓဘုရားဟောတာရှိသေးတယ် ပြောတတ်သလိုပဲပြောမယ် 
ဘုရား က တရားပွဲမှာတရားဟောနေချိန်ပေါ့ ဘေးမှာ သွားကြားထိုးပြီး ခါးထောက်ပြီး ကြည့်ဝေဖန်
နေတဲ့ သူများ က တရားပွဲပြီးတော့ ဘုရားအနားကပ်လာပြီး ဘုရားကိုမေးတယ်
နေစမ်းပါဦးတဲ့  ကျနော်တို့ အမှန်တရားဆိုတာကို သိပ္ပံပညာရှင်တွေကပြောတော့ လဲတမျိုး
ပညာရှင်တွေပြောတော့ လဲတမျိုး ဘာသာရေးခေါင်းဆောင်တွေပြောတော့ လဲ တစ်မျိုးနဲ့
ခုဘုရားဟောတာက လဲတမျိုး တဲ့ ဘယ်ဟာကိုယုံရမလဲတဲ့ မေးတော့ 
ဘုရားက ရိုးရိုးလေးပဲမိန့် တယ် ဘယ်ဟာ ဘယ်သူပြောတာမှမယုံနဲ့တဲ့
ကိုယ်ကိုတိုင် အသိလေးနဲ့ ဝေဖန်ုသုံးသပ် မှန်လောက်သည် မမှန်လောက်သည်ကိုယ့်ဘာသာကိုယ်ဆုံးဖြစ်တဲ့ 
ဥပမာ သူခိုး ခိုးတယ်ဆိုတာကို မင်းတို့ကိုသူများက ကောင်းပါတယ်လို့ ပြောရင်ယုံမလားတဲ့
ဟာမယုံဘူးခိုးတယ်ဆိုတာ မကောင်းဘူး  "ဘုရားကအဲလိုပဲ ကိုယ့် အသိနဲ့ စဉ်းစားပေါ့ခိုးတယ်ဆိုတာ 
ဘယ်သူကကောင်းပါတယ်မကောင်းဘူးပြောပြော ကိုယ့်အသိနဲ့ စဉ်းစားလိုက်တော့ မကောင်းတာ ကိုမကောင်းတာသိတာပေါ့ " ဘယ်သူပြောတာမှမယုံနဲ့ ကိုယ့်အသိစိတ်နဲ့ စဉ်းစားပါ
သုံးသပ်ပါ  
ခုလဲ အမေစု ကိုမဲမပေးဘူး သမ္မတ မဖြစ်စေချင်ဘူးဆိုတဲ့ သူတွေ ဘယ်သူပြောတာမှမယုံနဲ့ 
ထမင်းစားတဲ့ဦးနောက်နဲ့ စဉ်းစားပါ 
   လွတ်လပ်စွာ သဘောသားကွဲလွဲနိုင်ပါတယ် 
မချစ်ရင်နေ မမုန်းနဲ့ ကျနော့် အမြင်ပဲ လူငယ်ဆိုတော့ လူငယ်လိုပဲ သိသလိုတွေးထားတာ
  ကျေးဇူးအများကြီးတင်ပါတယ်
                                                                                              ဘလော့ဂါရဲမင်းလေး