့home
ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်
Wednesday 13 August 2014
ချစ်သမီးလေးအတွက်
သမီးလေး....
 အလှဆုံးဆိုတဲ့ဂန္တ၀င်အလှတွေ
အလှဆုံးဆိုတဲ့ပန်းချီကားတွေ
 အလှဆုံးဆိုတဲ့ ရူခင်းတွေ
အသာယာဆုံးဆိုတဲ့ နံနက်ခင်းတွေ
အသာယာဆုံးဆိုတဲ့ ညနေ ဆည်းဆာ နေ၀င်ချိန်တွေ
အသာယာဆုံးဆိုတဲ့ မြင်းကွင်းတွေ ကို ဖေဖေမြင်းဖူးခဲ့ပါတယ်
အလှဆုံး အသာယာဆုံးဆိုတဲ့ အရာတွေအားလုံးဟာ မျက်နှာငယ်လေးတွေဖြစ်သွားကြတယ်
သမီးလေး....
အသာယာဆုံးဆိုတဲ့ ဂီတသံစဉ်တွေ
အသာယာဆုံးဆိုတဲ့ သီချင်းတွေ
အသာယာဆုံးဆိုတဲ့ ငှက်ကလေးတွေ တေးဆိုသံတွေ
ဒါပေမဲ့ ဟော့ ဒီငါ့သမီးလေး ရဲ့ငိုသံလေးကိုဖေဖေကြားလိုက်ရတဲ့အချိန်ကစပြီး
အသာယာဆုံးဆိုတဲ့ အရာတွေအားလုံးဟာ နားဝင်ခါးသွားကြတယ်
သမီးလေး....
ဖေဖေ့ဘ၀မှာ အသက်ရှင်ခြင်းရဲ့ အဓိပ္ပါယ်ဆိုတာရယ်
လူဖြစ်ရတဲ့ အဓိပ္ပါယ်ဆိုတာရယ်
ဘ၀ကိုရုန်းကန်လှုပ်ရှားခြင်းရဲ့အဓိပ္ပါယ်ဆိုတာရယ်
လိုချင်တက်မက်မူတွေများလာခြင်းရဲ့အဓိပ္ပါယ်ဆိုတာရယ်
အရင်ကဖေဖေနားမလည်ခဲ့ဖူး
ဒါပေမဲ့ ဟော့ဒီသမီးလေးကိုမွေးဖွားပြီးတဲ့နောက်ပိုင်းကစပြီး
အရာအားလုံးရဲ့အဓိပ္ပါယ် ဟာ သမီးလေးအတွက်ဆိုတာ နားလည်ခဲ့တယ်
သမီးလေး....
ဖေဖေ့ရဲ့နှလုံးသားကို လှုပ်ကိုင်နိုင်သူ
ဖေဖေ့ရဲ့စိတ်ရိုင်းတွေကိုပြုပြင်နိုင်သူ
ဖေဖေ့ကိုပျော်ရွှင်နိုင်အောင်ဖန်းတီးနိုင်သူ
ဖေဖေ့ရှေ့ကအကျည်းတန်မြင်ကွင်း နဲ့ရောင်စုံနှလုံးသားတွေကို
ဖြူစင်သန့် ရှင်းအောင်ဖန်းတီးနိုင်သူ ဟာ ဟော့ ဒီငါ့သမီးလေးရဲ့ အပြုံးတွေကြောင်ပေါ့
သမီးလေး....
သမီးလေးသာဖေဖေဖြစ်စေချင်တဲ့ အနာဂတ်ကို ဆက်ပြီးရေးဆွဲပေးနိင်သူပါပဲ
သမီးလေးသာ ဖေဖေ့ အနာဂါတ်ကို ပုံဖော်နိုင်သူပါပဲ သမီးလေးရယ်...
              ရဲမင်းလေး(လယ်သာစု)
No comments: