့home
ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်
Monday 30 November 2015
အောင်မြင်တဲ့သူ (၀ါ) ခေါင်းဆောင်ကောင်းဖြစ်နိုင်မည့် အချက် (၁၀)ချက်
ဤဆောင်းပါးကို ကမ္ဘာကျော် success magazine မှ ကောက်နုတ်ဘာသာပြန်ဖော်ပြထားသည်
www.success.com/   Teanslated by yeminlay
အရေးကြီးတဲ့ တာဝန်တွေ အတွေ့ ကြုံတွေနဲ့ လူတစ်ယောက်လို ခင်ဗျား ခေါင်းဆောင်ဖြစ်ဖို့ 
စဉ်းစားဖူးသလား ။ စဉ်းစားပါ အကြိမ်ကြိမ် အောင်မြင်တဲ့ခေါင်းဆောင်ဖြစ်ဖို့ စဉ်းစားပါ။
ခေါင်းဆောင်ကောင်းတွေတိုင်းမှာ အထင်ကြီးလောက်စရာလုပ်စရာတွေ ကုမ္မဏီ အခမ်းအနားတွေ
ထက် တခြား အောင်မြင်ဖို့ နည်းလမ်းကိုပဲ အချိန်တိုင်းစဉ်းစားနေတယ်။
သူတို့ တွေဟာ လုပ်ငန်းခွင် သို့ မဟုတ် အသင်းအဖွဲ့ စည်းအတွက်တစ်စုံတရာကို ထောက်ပံ့ဖို့  ပဲကြံစည် နေကြတယ် ။
ကန်ဒေ့စ် ဟာဆိုရင် ကြီးမားတဲ့ စိတ်အားထက်သန်မူ့  သစ်လွင်တဲ့ အတွေးအခေါ်တွေနဲ့ ပဲ
အဖွဲ့ စည်းတစ်ခုကို လွန်ခဲ့ တဲ့ နှစ်ကဆက်သွယ်ခဲ့ တယ်။
ကန်ဒေ့စ် ဟာ အဖွဲ့ စည်းအတွက် ကုမ္မဏီရဲ့ ဖောက်သည်တွေအတွက်တစ်ဦးချင်းစီကို ခိုင်မာတဲ့ 
ဆက်ဆံရေးတိုးတက်ဖို့  အသွေးခေါ်အသစ် ၊နည်းပညာအသစ် ၊အကြံညာဏ်အသစ်တွေရှိတယ်
သူ့ ရဲ့ ဆုံးဖြတ်ချက်တွေကသူ့ ကိုယ်သူပင်မှန်ကန်ရုံမကပဲ ၀န်ထမ်းတွေကို အမြဲတမ်း အကောင်းဘက်ကို ဦးတည်စေခဲ့တယ်။
ကန်ဒေ့စ် ဟာ လွန်ခဲ့ တဲ့ နှစ်အနည်းငယ်ကပဲ college ကကျောင်းပြီးခဲ့ တယ် သူဟာလုံးဝ
ခေါင်းဆောင်ကောင်းသာမက  သူကိုယ်တိုင်၌ကပင်စံနမူနာဖြစ်အောင်နေထိုင်ခဲ့တယ်။
သင်ကိုယ်တိုင်ဘာပဲလုပ်လုပ်ခေါင်းဆောင်ကောင်းဖြစ်လိုသလား ဒါကြောင့်ခေါင်းဆောင်ဖြစ်ဖို့ 
အတွက် ပြုမူနေထိုင်ရမည့် ၁၀ ချက်  ကို  ကျနော့်အမြင်လေးဖော်ပြစေလိုပါတယ်
1.. ပြောပါ
ခေါင်းဆောင်ဆိုတာ ကုမ္မဏီမှာဖြစ်စေ အသင်းအဖွဲ့ စည်းပဲဖြစ်စေ အဓိက အခန်းကဏ္ဏကိုအခြေခံ
စည်းမျည်းကိုလေးလေးစားစာလေ့လာရမယ် ။ကိုယ့်ရဲ့ အမြင်အကြံညာဏ်ကို တင်ပြဆွေးနွေးတိုင်ပင်ရမယ်။ကိုယ်တိုင်က ဘေးကရပ်ကြည့်ရုံလောက်နဲ့ မတင်းတိမ်ပဲ အခြေနေ
ကိုလေ့လာသုံးသပ်ပြီး အမှန်ကိုရဲဝင့်စွာပြောဆိုရမည်။
မည်သည့်အစည်းအဝေး မည်သည့်ဆွေးနွေးမူ့ မျိုးမဆို ရှေ့ ထွက်ပြီး ရဲဝင့်စွာ ဆွေးနွေးတင်ပြ
ဖို့ ဆုံးဖြတ်ချက် ကို အလျင်အမြန်မှန်မှန်ကန်ကန် ချနိုင်ရမယ်။တကယ်လို့ ကိုယ်တိုင်က တကယ်မစွမ်းဆောင်သည့်အခြေနေမျိုးမှာတောင်မှကိုယ့်ဘက်ကဘာလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားပါ ။
2..တစ်ခုခုကို ပိုမိုကောင်းမွန်အောင်လုပ်ဖို့ အတွေးအခေါ်ရှိရမယ်
          ခေါင်းဆောင်တိုင်းဟာပိုကောင်းအောင်လုပ်ဖို့ ပဲအမြဲတမ်းထောက်ပံ့တယ်။သင့်ရဲ့  ကုမ္မဏီ
သို့ မဟုတ် အဖွဲ့ စည်းအတွက်ပိုကောင်းမဲ့ အတွေးအခေါ်တွေကို အမြဲတမ်းကြံစည်လုပ်ပါ။
သတင်းအချက်အလက်လေ့လာသင်ယူမူ့ တွေမှ ရယူတတ်ရမယ်။
3..တခြားသူတွေအကြောင်းမပြောနဲ့ 
          တစ်စုံတစ်ယောက်ရဲ့ အားနည်းချက် စကားကိုအခွင့်ကောင်းယူပြီး လက်တုံ့ ပြန်ခြင်းကို
ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကိုယ်တိုင်က မကောင်းတာလုပ်နေပေမဲ့  မကောင်းတာလုပ်
တဲ့ သူကို ဘယ်တော့မှမကြိုက်လို့ ပါပဲ။တစ်စုံတစ်ယောက် ကိုယ့်ကိုဘယ်လောက်ပဲနှေက်ရှက်သည်ဖြစ်စေ စိတ်တိုအောင်လုပ်သည်ဖြစ်စေ စိတ်ရှည်စွာ
သည်းခံပြီးသူ တို့ ၏နှောက်ရှက်မူအကြံစည်ကိုသည်းခံနိုင်သည့်အရည်အချင်းဖြင့်အနိုင်ယူပါ။
ဒီနည်းလမ်းကိုအသုံးချတတ်တဲ့  လူယုတ်မာများရှိသည်ကိုသဘောပေါက်ထားပါ။
4..ကိုယ့်ရဲ့ စိတ်အားထက်သန်မူ့ ကိုပြပါ
ဆက်ဆံပါ။
          တခြားသူရဲ့ အကြံပြုချက် သို့မဟုတ်အစီရင်ခံစာကို လေးလေးစားစားဖြင့် ကမ်းလှမ်း
ပြီး ကိုယ်မဆောင်ရွက်နိုင်ခဲ့သော်လည်း ပညာသားပါပါဖြင့် အဲဒီအကြောင်းပေါ်မှာဝေဖန်ပြောဆိုပါ
အကယ်၍ အကြံပြုချက်တွေဟာ ကောင်းမွန်မှန်ကန်မည်ဆိုလျှင် နွေးထွေးစွာလက်ခံကြိုဆိုပါ။
6..အလုပ်ကိုစိတ်ဝင်စားမူ့ ရှိပါ
            သင့်အလုပ်အတွက်သင်လုပ်နိုင်သလောက် အကောင်းဆုံးဖြစ်ဖို့ အမြဲတမ်းနည်းလမ်း
သစ်များရှာဖွေပါ၊ သင့်အလုပ်အတွက်မည်သူကမျှမခိုင်းသော်လည်းမည်သို့ မည်ပုံ ထောက်ပံ့ဖို့အတွက် အကောင်းဆုံးနည်းလမ်းကိုအမြဲတမ်းစဉ်းစားနေပါ။
7..မာနကိုချိုးနှိမ်ထားပါ
          သင်က တကယ်လို့  အပြောဆိုတိုင်း ဆက်ဆံရေးတိုင်း ဝေဖန်မူ့ လုပ်တိုင်း
မှာ ငါသာတတ်တယ် ငါသာသိတယ် ငါကဘယ်ကလာတာ ဘယ်ကျောင်းက ဘွဲ့ ကိုယူလာတယ်
ဆိုတဲ့ တိုက်ရိုက်မပြောပေမဲ့  ထင်ဟပ်တဲ့  အပြောဆိုမျိုးနဲ့ သာပြောနေဆက်ဆံနေမယ်ဆို
သင့်ရဲ့ တင်ပြမူ့ ပြောဆိုမူ့ တွေက ကဲ့ ရဲ့ ရုံတင်မကပဲ ဟာသသဖွယ် ပြောစရာတွေဖြစ်တတ်
တယ် ဒါကြောင့် ရိုးသားမူ့ ဖြင့် ပြောဆိုဆက်ဆံဖို့ သည် သင့်ရဲ့ ခေါင်းဆောင်မူ့ ကို
လေးစားကြမည်သာမုချမလွဲပါ။
8..ပြသနာကို မကြောက်နဲ့ 
          သင် ပြသနာ ဖြေရှင်းရဖို့ အခွင့်ရေးရလာခဲ့ ရင် မသွေဖီပဲ ပြသနာကို တလေးတစားနဲ့ 
သင့်ရဲ့ ကုမ္မဏီ (၀ါ) အဖွဲ့ စည်းအတွက်လိုလိုလားလားဖြင့်ကြိုးစားဖြေရှင်းတတ်ရမယ်
အကြံပြုချက်များဟာလဲ သင့်ရဲ့ အောင်မြင်မူ့ အတွက် ထောက်အကူပြုပါလိမ့်မယ်။
Experience is the best  teacher.
9..တခြားသူကိုကျေးဇူးတင်တတ်ပါစေ
          အခြားလူရဲ့ ထောက်ပံ့မူ့ ကို အသိမှတ်ပြုလက်ခံပါ။တခြားသူရဲ့ အကြံပြုချက်ကို
ကျေးဇူးတုံ့ ပြန်ဖို့ မမေ့ပါနဲ့ ။တခြားသူရဲ့ အောင်မြင်မူ့ အစီအစဉ်ကောင်းတွေကို ဂုဏ်ယူတတ်ပါစေ
ဒါမှသာလျှင်သင့်ကိုတခြားသူတွေရဲ့ စိတ်ဝင်စား မူ့ ရရှိပါမယ်။
10..သင့်ကိုယ်သင်မြင့်တင်ပါ
          သင့်အနာဂတ်မှာ လုပ်ချင်တဲ့ အလုပ်ကို ရှိနေဖို့ အမြဲစဉ်းစားနေပါ။
အကောင်ထည်ဖော်နိုင်အောင် ကြိုးစားပါ
အချိန်ကိုလေးစားတတ်ပြီး တဆင့်ချင်း ဘ၀ကိုပုံဖော်ဖို့ လက်တွေ့ သီအိုရီ ဗျူဟာတွေကို
စူးစမ်းနေပါ.။ ဒါဆိုရင် သင်ဟာ အောင်မြင်တဲ့ ခေါင်းဆောင် (၀ါ) အောင်မြင်တဲ့ သူ
တစ်ယောက်မုချဧကန်ဖြစ်ပါလိမ့်မယ်။
ကျေးဇူးတင်လျက်  ရဲမင်းလေး
No comments: