့home
ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်
Thursday 26 November 2015
ခေတ်သစ်ဝိသာခါ(သို့ ) မစ္စက်မေရီဖော်စတာ
ခေတ်သစ် ၀ိသာခါ (သို့ ) မစ္စက်မေရီဖော်စတာ
ဆောင်းပါးကို တောင်တွင်းကြီးဆရာတော် အသျှင်ဥက္ကဌ ၏ဘ၀ဖြစ်စဉ် စာအုပ်မှကောက်နုတ်
ဖော်ပြသည်။ မြန်မာရဟန်းတော်များ  မြန်မာဗုဒ္ဓဘာသာဝင်များ ဘုရာဖူး ဒကာ ဒကာမများ
အိန္ဒိယသို့ ဘုရားဖူး သွားရင်း ကာလကတ္တားသို့ ရောက်ရှိပါက တည်း ခိုးသောနေရာမှာ
“မဟာဗောဓိဓမ္မသာလာ” ပင်ဖြစ်သည်။ ထိုမှတဆင့် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားကြခြင်းဖြစ်သည်
 အသျှင်ဥက္ကဌ သည်လည်း မြန်မာပြည်ကပင် ဆက်သွယ်စုံစမ်းခဲ့ ပြီးဖြစ်သဖြင့် သဘောင်္မှဆင်း
လျှင်ပင်“မဟာဗောဓိဓမ္မသာလာ”     သို့ တိုက်ရိုက်လာခဲ့ သည် ။ဤတွင် ရှင်အာဒိစ္စ၀ံသနှင့်
စတင်တွေ့ ဆုံရသေသည်။ ရှင်အာဒိစ္စ၀ံသ ကား မြန်မာနိုင်ငံတွင် ပထမဆုံး ပကာသနိယ ဘွဲ့ 
ဆွတ်ခူးခဲ့ သော ပုဂ္ဂိုလ်ထူးပင်ဖြစ်သည်။ ရန်ကုန်မြို့ တောင်လုံးပြန်ရပ်ကွက် စက်ရုံလမ်းရှိ
ရှင်အာဒိစ္စ၀ံသကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ဖြစ်သည်။ထိုချိန်က ပကာသနိယကံပြု
ခြင်းမခံရသေးပါ။
“မဟာဗောဓိဓမ္မသာလာ” ၏အလှူရှင်မှာ မစ္စက်မေရီဖော်စတာ  ဆိုသူ အမေရိကန်အမျိုးသမီးကြီး
ဖြစ်သည်။ခင်ပွန်းဖြစ်သူမှာ အလုပ်ရုံကုမ္ပဏီကြီးများကို ပိုင်ဆိုင်သော သန်းကြွယ်သူဌေးကြီး
မစ္စတာဖော်စတာဆိုသူဖြစ်သည်။ သူတို့ တွင် အရွယ်ရောက်ပြီးသော သားနှစ်ယောက်ရှိသည်
သားအဖ သုံးဦးတို့ ၏ဖြစ်ရပ်ကား ဆိုးဝါးလှသည် ဖခင်ဖြစ်သူမှာ မော်တော်ကားမှောက်၍ကွယ်လွန်
သှ်။ သားအကြီးမှာ လေယဉ်ပျက်ကျ၍ကွယ်လွန်သည်။ သားငယ်မှာ ရွက်သင်္ဘောမီးလောင်၍
ကွယ်လွန်သည်။ တစ်နှစ်အတွင်း၌ပင် လ အနည်းငယ်စီသာခြား၍ သေဆုံးကြခြင်းဖြစ်သည်။
     ထို့ ကြောင့် မေရီဖော်စတာမှာ   
သားသေ၊လင်ဆုံး 
ယူကြုံးမရ အပူလုံးကြွ၍
လေခမြေသက် ကြွေသစ်ရွက်သို့  
ရတက်ပွေးပြီး သောကမီး 
ဖိစီးနှိပ်စက်ကာ ခေတ်သစ်
“မပ ဋာ”ဖြစ်ရရှာလေသည်။
သူ၏သောက ကို ပတ်ဝန်းကျင်မိတ်သင်္ဂများကလည်း ဖြေဖြောက်မပေးနိုင် သူကိုးကွယ်သည့်
ခရစ်ယာန် ဘာသာကလည်း လျော့ပါးသွားအောင် မလုပ်နိုင်။ ဓမ္မဆရာများ တစ်ဦးဝင် တစ်ဦးထွက်
ဖြင့် သမ္မာကျမ်းစာကိုပြ၍ တရားချသော်လည်းမပြေနိုင် ပဲ ကျန်းမာရေးချို့ တဲ့ လာသည်။
ဤတွင်သူ၏တမားတော်ဆရာဝန်များက  ပင်လယ်ကမ်းခြေတစ်နေရာတွင်သွားရောက်
အပန်းဖြေရန်အကြံပေးသည်။
ထို့ ကြောင့်လုပ်ငန်းအရပ်ရပ်ကိုမန်နေဂျာချုပ်နှင့်လွဲအပ်ကာ ရှီကာဂိုမြို့ မှ ပစ္စဖိတ်သမုဒ္ဒယာအတွင်း
ရှိ ဟိုင်ဝိုင်ယီ ကျွန်းသို့  ၁၉၁၉ ခုနှစ်တွင် သွားရောက်နေထိုင်သည်။
အမေရိကန်ပြည်မှဝေးကွာခြင်း ၊ လင်ယောက်ျားနှင့်သားတို့ စွန့် လွတ်ရခြင်း ၊ဟိုင်ဝိုင်ယီ ဟိုနိုလူလူ
မြို့ အစွန် ပင်လယ်ကမ်းခြေတွင် တည်ဆောက်ထားသည့်တိုက်ကြီး၏ ပတ်ဝန်းကျင်
သာယာမူ့ ရှိခြင်းတို့ ကြောင့် မေရီဖော်စတာ၏ကျန်းမာရေးမှာ တိုးတက်ကောင်းမွန်လာခဲ့ သည်။
သို့ သော် သောက ပရိဒေ၀မီးကား အနည်းငယ်မျှသာ လျော့ ပါးသလိုလိုရှိ၍လုံးဝမှမငြိမ်းအေးသေး
ပါ လင်ယောက်ျား သားတို့ ကိုပူဆွေးနေရ၏။ ခရစ်ယာန်တရားကို နှလုံးသွင်းသော်လည်း
ငြိမ်းအေးခြင်းကိုရှာမရပေဖြစ်နေသည်။
         ထိုစဉ် ရှီကာဂိုမြို့ တွင် ကုန်သည်ကြီးများက ကမကထပြု၍ ဘာသာပေါင်းစုံဟောပြော
ပွဲကြီးတစ်ခုကိုစီစဉ်လေသည်။ ကုမ္မဏီပိုင်ရှင်ကြီးများက ကုန်ကျသမျှငွေထည့်ဝင်ကြသည်။
မေရီဖော်စတာ ၏ ကုမ္မဏီလည်း ကူငွေထည့်ဝင်သည်။ ကြွရောက်ဟောပြောမည့် ကိုယ်စားလှည်
များ၏ နေရေး စားရေး တို့ ကို စီစဉ်ရသည်။
          ထိုဘာသာပေါင်းစုံဟောပြောပွဲကြီးသို့  ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဘုန်းတော်ကြီးများနှင့် ဓမ္မဆရာများ ဦးရေ အများဆုံးတက်ရောက်သည်။
မူစလင်အဖွဲ့ ဝင်(၄၀)ကျော်
သီအိုဆိုဖီကိုယ်စားလှယ်(၅) ဦး
မဟာယာန ဗုဒ္ဓဘာသာ မှ ဂျပန်ကိုယ်စားလှယ်(၅၀)ဦးတရုတ်ကိုယ်စားလှယ်(၂၁)ဦးကျော်
ဟိန္ဒူဗြဟ္မဏ ကိုယ်စားလှယ် (၂၀)ကျော်
ထေရ၀ါဒ ဗုဒ္ဓဘာသာ  သီဟို၌ နိုင်ငံမှ အနာဂါရိကဓမ္မပါလ(လူဝတ်ကြောင်) နှင့်
ဘိက္ခူဉာဏတိလောက(ဂျာမန်ဘုန်းတော်ကြီး)
 ဘုန်းတော်ကြီး) နှစ်ဦးတို့ သာတက်ရောက်သည်။
        အခြားကိုယ်စားလှယ်များဟောကြားပြီးနောက် သီဟို၌မှ အနာဂါရိကဓမ္မပါလ မှ
မြတ်ဗုဒ္ဓ၏ သစ္စာလေးပါးတရားတော်ကို အကျယ်တ၀င့် ရှင်းလင်းတင်ပြ၍ ဟောကြားလေသည်။
အမေရိကန်နိုင်ငံတွင် တစ်ကြိမ်မျှမကြားဖူးသေးသော ဗုဒ္ဓ၀ါဒ ၏ ဓမ္မစစ် ဓမ္မမှန်ကိုစတင်နာကြား
ရသဖြင့်အသစ်အဆန်းဖြစ်၍ အလွန်အံ့သြနေလေသည်။
ဓမ္မပါလသည်အနာဂါရိကပုဂ္ဂိုလ်ဖြစ်၏။ အနာဂါရိက ဆိုသည်မှာ အကုသိုလ်၊ဒုစရိုက်များနှင့်
အဗြဟ္စစရိယသိက္ခာပုဒ် တို့ ကို ရဟန်းကဲ့ သို့ ထိန်းသိမ်းထားပြီး ပိတ်ဖြူဝတ်သည့်လူသား
ဖြစ်သည်။ သက်သက်လွတ်စား၏ ။ တထပ်တည်းသာစား၏ ။ လူပုဂ္ဂိုလ်တစ်ဦးကျင့်သုံးရန်
ဖြစ်နိုင်သည့်ဓုတင်အကျင့်ကိုလည်း ကျင့်သုံးသည်။ ဓမ္မပါလ ၏ ပုံသဏ္ဌာန်မှာအထင်ကြီးစရာမရှိ
ဝတ်ဆင်ထားသည်။
ဤသို့ ဗဟိဒ္ဓပုံပန်းသဏ္ဌာန်အားဖြင့်အထင်ကြီးစရာဘာမျှမ၇ှိသော သီဟိုဠ် သားတစ်ဦး က
အလွန်အဆင့်မြင့်သော ဗုဒ္ဓ၀ါဒ သစ္စာလေးပါးကို ဘာသာအယူကွဲပြားခြားနားသူတို့ 
နားလည်နိုင်သည့်အသုံးအနှုံးစကားဖြင့် အေးဆေးတည်ငြိမ်စွာ ဟောကြားသွားရာ ၊
ထေရ၀ါဒဗုဒ္ဓဘာသာကြောင်းကြားပင်မကြားဖူးခဲ့ သောအများစု အမေရိကန်တို့ သည်
အံ့သြသွားကြသည်မှာမဆန်းချေ၊
ဟောပြောပြီးသည့်အခါ သတင်းထောက်များသည် အနာဂါရိကဓမ္မပါလကိုသာ
ဝိုင်းအုံပြီးဓာတ်ပုံ ရိုက်ကြသည်၊၊ မေးခွန်းပေါင်းမြှောက်များစွာမေးကြသည်၊နောက်တစ်နေ့ ထုပ်
သတင်းစာမျက်နှာဖုံးတွင်အနာဂါရိကဓမ္မပါလ ၏ဓာတ်ပုံများသာမင်းမူနေသည် သူ၏ဟောပြော
ချက်များကိုလဲ ရှီကာဂိုမြီု့ ထုတ် သတင်းစာများတွင်သာမကပဲ ၀ါရှင်တန်ပို့ စ်၊ နယူးယော့တိုင်းစ်၊
နယူးယောက်ဟယ်ရီ ထရီဗြွန်စသော သတင်းစာကြီးများတွင်လည်း ထိုနည်းတူ ဖော်ပြကြသည်
အသံလွင့်ကော်ပိုရေ့းရှင်းများကလည်း ထိုသတင်းကိုတပြည်လုံးသို့ လွင့်ပေးရာ ပျံ့ နှံ့သွားလေသည်
အနာဂါရိကဓမ္မပါလသည်ဒုတိယနေ့ တွင် အနတတ္တဒေသနာတော်ကို ရှင်းလင်းဟောပြောသည်
ခရစ်ယာန်၊ မူစလင်၊ဟိန္ဒူတို့ တုန်လှုပ်သွားကြသည်၊ သတင်းစာများနှင့်အသံလွှင့်ရုံများကလည်း
ပထမနေ့ ကဲ့ သို့ ပင် ဖြန့် ဖြူးပေးကြသည်။
 တတိယနေ့ တွင်မူပဋိစ္စသမုပ္ပါဒ် တရားကိုတင်ပြပြီး သစ္စာလေးပါးနှင့် အနတ္တတရားဆီသို့ သွတ်သွင်း
ပူးပေါင်းပြလေသည် ။ မေရီဖော်စတာသည် အနာဂါရိက ၏သစ္စာလေးပါး ဟောပြချက်ကို
ရေဒီယိုမှတစ်ဆင့် နာကြားရသည်။ တစ်ခါမှ မကြားဖူးသော တရားလည်းဖြစ်၊ သဘာဝဓမ္မနှင့်လည်း
ကိုက်ညီသောကြောင့်အလွန်နှစ်သက်သဘောကျသွားသည်။ မိမိတွင်ယခုဖြစ်နေသည့်သောက
ဒုက္ခတို့ မှာ လင်နှင့်သားတို့ အပေါ်တွယ်တာတက်မက်မူ သမုဒယကြောင့်ပါလားဟု
အသိဉာဏ်ဝင်လည်သည်နှင့်တစ်ပြိုင်နက်ပူဆွေးတမ်းတမူ့မှာ ရာခိုင်နှုန်း ၄၀ ခန့် လျော့ပါးသွားသည်
ကိုသတိပြုမိသည်။မိမိ၏အပူကိုဗုဒ္ဓမြတ်စွာ၏တရားတော်က လျော့ပါးသွားအောင် ပြုလုပ်သည်ကို
သတိပြုမိ လက်တွေ့ ခံစားလာရသည်။
              ထို့ ကြောင့်မိမိ၏မန်နေဂျာ ထံသို့ အနာရိက ဟောပြောချက်ပါသည့် သတင်းစာများကို
အလျင်အမြန်တင်ပို့ ရန်နှင့် ဘာသာပေါင်းစုံကွန်ဖရင့်ကြီးပြီးဆုံးသွားပါက အနာဂါရိက
ကို မိမိထံသို့ မရောက်ရောက်အောင်ဖြစ်သည့်နည်းဖြင့် ပို့ ပေးရမည် ငွေကြေးကိုလိုသလိုသုံးပါဟူ
၍ချက်ချင်းကြေးနန်းရိုက်၍ကြောင်းကြားလိုက်သည် ။ မန်နေဂျာကလည်း သတင်းစာများကို
အလျင်အမြန်ပို့ ပေးသည် ။မေရီဖော်စတာသည် ရေဒီယို မှတရားနာခြင်း ၊ သတင်းစာတွင်ပါသော
တရားဟောပြောချက်တို့ ကို ဖတ်ကြားခြင်းဖြင့် မတင်းတိမ် ဖြစ်၍ အနာဂါရိက ဓမ္မပါလ ကိုသာ
စောင့်မျှော်နေလေသည်။
မန်နေဂျာသည် အစည်းအဝေး ခန်းမ ရှေ့ တွင် သွားရောက်စောင့်စိုင်းပြီး အနာဂါရိက နှင့်
ဘိက္ခုဉာဏတိလောက တို့ ကို ကားပေါ်သို့ ကြွပါ သီဟိုဋ္ဌ် အရောက်ပို့ ပေးပါမည်။
ဟု ပင့်ဖိတ်ကာ ကားကိုအရှိန်ဖြင့်မောင်းနင်လေသည်။
ကားပေါ်ရောက်မှ အရေးကြီးသောပုဂ္ဂိုလ် တစ်ဦးက တရားနာလိုကြောင်းရှင်းပြသည်
လမ်းခရီးတွင် ၂ ည အိပ်ကြာပြီး အမေရိကတိုက် အနောက်ဖက်ကမ်းခြေရှိ စန်ဖရန်စစ္စကို ဆိပ်ကမ်း
မှသဘောင်္ဖြင့် ဟာဝိုင်ယီ ကမ်းခြေသို့ ရောက်လာသည်။
ဆိပ်ကမ်းတွင်ကြီးမားသော လူအုပ်ကြီးကိုတွေ့ ရသည် အချို့ မှာ ပန်းကုံးများဖြင့် ကြိုဆိုနေကြသည်
ထိုချိန်တွင် မစ္စက် မေရီဖော်စတာ မှ ကယ်ပါဦးကွယ် ဟူ၍ အနာဂါရိက ကို ဒူးထောက်ပြီး တောင်းပန်
၍ အဖြစ်မှန် ကိုပြောပြပြီး ငိုကြွေးနေလေသည်။
မေရီဖော်စတာဆိုတာ ဒီအမျိုးသမီးပါ လွန်ခဲ့ တဲ့ နှစ်ကမှ  လင်ဖြစ်သူမှာ ကားမောက်သေဆုံး
လ မခြားချိန် သားကြီးဖြစ်သူမှာ လေယဉ်ပျက်ကျသေဆုံး သိပ်မကြာခင်မှာ သားငယ်
ရွက်လွင့်သင်္ဘောမီးလောင်သေးဆုံး ခဲ့ ရလို့ စိတ်ဝေဒနာ သည် ရောဂါဖြစ်နေချိန် ခင်ဗျားတို့ 
တရားကိုနာလိုက်ရသဖြင့် ဝေဒနာတွေ သက်သာလာပြီး ထပ်၍နာ လို သောကြောင်ဟုပြောမှ
အနာဂါရိက နှင့် ဘိက္ခုဉာဏတိလောက တို့ လည်း အဖြစ်မှန်ကိုသဘောပေါက်ခဲ့ သည်။
        မေရီဖော်စတာသည အနာဂါရီက နှင့် ဘိက္ခုဉာဏတိလောက တို့ အား
ဟိုနိုလူလူ ရှိအကောင်းဆုံးဟိုတယ်တွင်နေစေပြီါ်
ဗုဒ္ဓတရားဓမ္မများကို မိမိနှင့် အခြားသူများအားဟောကြားစေသည်
သစ္စာလေးပါးနှင့်အတူအနတ္တလက္ခဧသုတ်တို့၏ ကျေးဇူးတော်ကြောင့် မိမိ၏မပိုင်စိုးမူ့ နှင့် သဘာဝ
ဓမ္မကိုသဘောပေါက်ပြီး လင်နှင့်သားတို့ အပေါ် စိုးရိမ်ပူးဆွေးသောကများ အားလုံးကွယ်ပျောက်
သွားတော့သည်.။
        မေရီဖော်စတာ သည်ဓမ္မစစ်ဓမ္မမှန်ကိုတွေ့ ရှိ၍ ဗုဒ္ဓဘာသို့ ကူးပြောင်းခဲ့ ပြီး ဗုဒ္ဓတရားဓမ္မ
လည်း ဟာဝိုင်ယီကျွန်းတွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ပြန့် ပွားခဲ့ သည်။
ဗုဒ္ဓကျေးဇူးတော်ကြီးမားလှပေစွ ။ သန္ဒိဠိကဓမ္မဆိုသည်မှာမှန်လှသည်။ မိမိတွင် လက်တွေ့ ငြိမ်းချမ်း
သည် ဤမွန်မြတ်သော ဗုဒ္ဓဂေါတမ၏ ဓမ္မသာ ကမ္ဘာကိုပြန့် ပွားလျှင်
ကမ္ဘာသူ ကမ္ဘာသား များ ငြိမ်းချမ်းမူ့ ကိုရရှိပေလိမ့်မည်။မိမိတွင်စည်းစိမ်ဥစ္စာ ပြည့်စုံရုံမက ကိုလျံ၍
နေသည် သေသွားလျှင် မိမိနောက် သို့ ပါမည်မဟုတ်သည့် ဤစည်းစိမ်ငွေကြေးတို့ ကို
ဗုဒ္ဓ၀ါဒ ပြန့် ပွားရေး အတွက် အသုံးချလျှင် ဗုဒ္ဓကိုယ်တော်မြတ်၏ ကျေးဇူးတော်ကိုပေးစပ်ရာ
ရောက်ပေလိမ့်မည်။
`      ဤသဘောပေါက်မူ့ ဖြင့် ဗုဒ္ဓဘာသာပြန့် ပွားရေးအတွက်မေရီဖော်စတာသည် ငွေများပုံအော၍
လှူဒါန်းလေသည်။ ကလကတ္တားမြို့ ၊အေဒင်ဆေးရုံလမ်းတွင် မဟာဗောဓိဓမ္မသာလာ
သိန်း ၂၀ ကျော်ကုန်သော ဆာရ်နတ်ဓမ္မသာလာ(ဗာရာဏသီမြီု့ အနီး၊မိဂဒါဝုတ်တွင်ရှိသည်)
တို့ ကိုဆောက်လုပ်လှူဒါန်းသည်။
ကမ္ဘာအရပ်ရပ်၌ ဗုဒ္ဓပိဋ္ဋကတ်တိုက်များ ထူထောင်ရေးတွင် သိန်းပေါင်း ၅၀ မျှ စွန့် လွှတ်လှူဒါန်းသည်။
ထို့ ကြောင့်  မေရီဖော်စတာ အား ဂျာမနီပြည် လိုက်ပဇစ်မြို့ ရှိ ဗုဒ္ဓဘာသာအဖွဲ့ ချုပ်က
“ခေတ်သစ် ၀ိသာခါ”ဟုတ် ဂုဏ်ပြု ခေါ်ကြသည်။
ဤသာသနာပြု ဒကာမကြီး မေရီဖော်စတာ ၏ မဟာဗောဓိဓမ္မသာလာတွင် ရှင်အာဒိစ္စ၀ံသ နှင့်
အသျှင်ဥက္ကဌ တို့  ဗုဒ္ဓသာသနာပြု မြန်မာရဟန်းတော်နှစ်ပါး ဆုံမိကြလေပြီ။
 ထိုအချိန်က အရှင်အာဒိစ္စ၀ံသ သည် အိန္ဒိယ နိုင်ငံသို့ ဘာသန္တရ (အထူးပြု အင်္ဂလိပ်စာပေ)
သင်ကြားရန် အိန္ဒိယသို့ ရောက်ရှိနေပြီးဖြစ်၏ သျှင်ဥက္ကဌမှာမူ အသက်၂၅ နှစ်သာမှရှိပြီး
အရှင်အာဒိစ္စ၀ံသ မှာ ပိဋ္ဋကတ် ကုန်စင်အောင် လည်း တတ်မြောက်ပြီဖြစ်၏အထူးသဖြင့်
ပါဠိဘာသာတွင် အသေးစိတ်ကျွမ်းကျင်ပြီး စိန်ခေါ်နိုင်သည့် အဆင့်ရှိသည်
ဤသည်မှာ ခေတ်သစ် ၀ိသာခါ သို့မဟုတ် မေရီဖော်စတာဖြစ်လေတော့ သည်
 ကျေးဇူးတင်လျက်    ရဲမင်းလေး
No comments: