*****နွေနှောင်းအကုန် မိုးဦးဝင်စ
တိမ်ပြာရစ်စိုင်း ညို့ မှိုင်းအသွင်
လေပြင်းထန်လာ မိုးဖျောက်ပါလျက်
ထွန်ပျောက်ကိုရှာ ညီနောင်စွဲလျက်
ဓားမဦးချ ဘိုးပိုင်ဘွားပိုင် လယ်တောမြိုင်ထဲ
ကိုယ်စီဝင်လျက် သီးနှံစိုက်ပျိုး
ဓလေ့ထုံးသည် မိုးမျှော်သူတို့ ပျော်ရာ၏
လယ်တောကိုမှီ ရာသီအလိုက်
စပါးသီးနှံ ယာကိုင်းခြံထွက်
ဝမ်းရေးဖက်နှင့် သာရေးနာရေးဘာသာရေးနယ်
မပြတ်စေငှ ဒီနိစ္စဓူဝကျင်လည်ခဲ့သည်
မိုးမျှော်သူတို့ သံသရာခရီး
တောအုပ်လဲပြောင် မိုးလည်းခေါင်
ရာသီလည်းဖောက် ကျွန်တပေါက်နှယ်
သားလှမနေ တစ်ပြည်ကျော်တက်
လယ်ပျောက်ယာပျောက် ဓလေ့ပျောက်တယ်
ရှင်ကွဲသေကွဲ ပျက်သုန်းမလှ
တောင်သူ့ ဘ၀(သို့ ) မိုးမျှော်သူ
No comments:
Post a Comment