Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Friday, 16 August 2013
ထိုင်းနိုင်ငံမှ မသန်စွမ်းသော ကွန်ပျူတာ ပြင်ဆရာ
Monday, 16 April 2012
အွန်လိုင်းဖုန်းခေါ်ဆိုမှု Ytalk အား ရန်ကုန်အပြင် တခြားမြို့ကြီးများတွင်ပါစတင်
အွန်လိုင်းဖုန်းခေါ်ဆိုမှု Ytalk အား ရန်ကုန်မြို့အပြင် တခြားမြို့ကြီးများ၌ပါ စတင်ဝန်ဆောင်မှုပေးပြီဖြစ်ကြောင်း သတင်းရရှိသည်။ မတ်လ ၈ ရက်နေ့မှစတင်ကာ မန္တလေးမြို့၌ အဆိုပါဝန်ဆောင်မှုကို အများပြည်သူသို့ မိတ်ဆက်ခဲ့ကြောင်းသိရသည်။
“ရန်ကုန်အပြင် မန္တလေးမြို့မှာစနေပြီဖြစ်ပါတယ်။ ဒါပြီးရင် တောင်ကြီးမြို့မှာ တိုးချဲ့သွားဖို့အစီအစဉ်ရှိတယ်။ တဖြည်းဖြည်းခြင်း နေရာအနှံ့အပြားမှာ တိုးချဲ့သွားမှာဖြစ်ပါတယ်” ဟု VMG Telecoms ကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။ မန္တလေးမြို့ရှိ အင်တာနက်ဆိုင်များတွင် စတင်အသုံးပြုနိုင်ဦးမည်ဖြစ်ပြီး လတ်တလောကာလတွင် ရန်ကုန်မြို့ကဲ့သို့ပင် ကိုယ်ပိုင်အိမ်များတွင် အသုံးပြုနိုင်မည်မဟုတ်သေးကြောင်း သိရသည်။ Ytalk အသုံးပြုသူများအနေဖြင့် မိမိတို့စတင်အသုံးပြုမည့် VoIP Account Card ကိုဝယ်ယူရမည်ဖြစ်ကာ ၀ယ်ယူပြီးသူများသည် အ သုံးပြုရန် Pin Code ပါဝင်သော Recharge Card ကို ထပ်မံဝယ်ယူရမည်ဖြစ်ကြောင်း အသုံးပြုသူများသည် မိမိတို့၏ Account No. နှင့် Password ကို Softphone ၏ Username နှင့် Password နေရာများတွင်ဖြည့်သွင်းပြီး Login ၀င်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ အသုံးပြုသူများသည် မိမိတို့ဝယ်ယူထားသော Recharge Card မှ Pin Code နံပါတ်ကို http://voip.yatanarpon.com.mm\Recharge via Voucher Card သို့သွားရောက်ပြီး ဖြည့်သွင်းမှသာ ဖုန်းစတင်ခေါ်ဆိုနိုင်မည်ဖြစ်သည်။
အင်တာနက်ဂျာနယ်မှ ကူးယူးဖော်ပြပါသည်၊၊
Subscribe to:
Posts (Atom)