့home

ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်

Wednesday, 30 November 2011

what is the democracy and political??????

လူဆိုတာနိုင်ငံရေးသားကောင်တွေဆိုရင်မှားမည်မထင်ပါဘူး လူတိုင်းဟာနိုင်ငံရေးနဲ့သက်ဆိုင်ပါတယ်
ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့စည်းဖွဲ့ပြီးမှ ဥပမာ NLD(LA) ထဲတို့ကျောင်းသားဖွဲ့စည်းတို့ ဝင် မှ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး
ကိုယ့်မိသားစုအတွက်အလုပ်လုပ်နေတာလဲ နိုင်ငံရေးပါပဲ ကောက်စိုက်၊ ပျိုးနုတ်တာလဲဒါနိုင်ငံရေးလို့ယူဆလို့ရပါတယ်
 မိသားစု အတွက်ဝင်ငွေ စားဝတ်နေရေးအဆင်ပြေရင် ထိုမိသားစုသာယာလှပမယ်
မိသားစုသာယာလှပမှသာလျှင်ရပ်ရွာသာယာလှပမယ်ထိုရပ်ရွာသာယာလှပ မြို့နယ်သာယာလှပမယ်
အဲသလိုတဆင့်တဆင့်ကောင်းစားရင်နိုင်ငံတော်လည်း သာယာဝပြောမယ်ပေါ့
ဒါဆိုရင်ကိုယ်ကလဲနိုင်ငံအတွက်နိုင်ငံရေးလုပ်တာဖြစ်မသွားဘူးလား
နိုင်ငံတော်ကိုဆန့်ကျင်မှ ပုန်ကန်မှ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး အစောကပြောသလို
ကိုယ်ကတစိတ်တနေရာကတတ်နိုင်သလောက်ကြိုးစားပတာလဲနိုင်ငံရေးပါပဲ
(You must do the best that you can)
ကိုယ်တတ်နိုင်သလောက်ပဲကောင်းအောင်ကြိုးစားပါ ကျွန်တော်တို့တောင်တွင်းဆရာတော် နတ်မီးလင်းကျောင်းက ရှင်ဥက္ကဠပေါ့ ခုတော့ကွယ်လွန်သွားပါပြီ သူအမြဲပြောတဲ့ စကားလေးပါ
တန်းဖိုးရှိပါတယ်
နိုင်ငံရေးဆိုတာမှာစီးပွါးရေးဈေးကွက်နဲ့တူပါတယ်ဘာဖြစ်လို့လဲဆိုတော့
ဈေးကွက်ဆိုတာနေရာအတည်တကျမရှိပါဘူးဈေးထဲဈေးသွားဝယ်မှ ဈေးကွက်မဟုတ်ပါဘူး
ရောင်းသူနှင့်ဝယ်သူတို့နှစ်ဦးသဘောတူ ပြီးအေ၇ာင်းဝယ်ဖြစ်တဲ့နေရာဘယ်နေရာပဲဖြစ်ဖြစ်ဈေးကွက်ပါပဲ
 အစောကပြောသလိုပေါ့ အဖွဲ့စည်းထဲဝင်မှ အသင်းဝင်မှမဟုတ်ပါဘူး
ကျွန်တော်တို့နိုင်ငံဟာကမ္ဘာနဲ့မယှဉ်ပါနဲ့ အာရှ လောက်ပဲ ယှဉ်ကြည့်ပါ  Human rights ပေါ့ လူ့ခွင့်ရေး
အချိုးဖောက်ဆုံးနိုင်ငံထဲပါတယ် ပြည်သူတွေအတွက်ဘာအခွင့်ရေးမှမရှိဘူး Worker rights အလုပ်သမားအခွင့်ရေးလဲမရှိပါဘူးစာဖတ်သူတို့လဲသိပြီးသားတွေပါ
ကျွန်တော်တို့နိုင်ငံမှာဆို မိသားစုဆယ်ယောက်ရှိရင် ဆယ်ယောက်စလုံး အလုပ်လုပ်တာတောင်
ထမင်းနတ်မှန်အောင်မစားရတာတွေ အများကြီးရှိနေပါသေးတယ် ဒါတွေပြောရင် ရင်နာမဆုံးပါဘူး
ကိုယ်ပေါင်ကိုလှန်ထောင်းတာပါပဲ စာရေးသူ ယခု လက်ရှိနေတဲ့ ထိုင်နိုင်ငံလောက်ကလေးတောင်
မိသားစု ဆယ်ယောက်ရှိရင် နှစ်ယောက်လောက်ပဲ အလုပ်လုပ် ဆယ်ယောက်ထိုင်းစား ပိုသေးတယ်
standard living ပေါ့ လူနေမှု အဆင့်တန်းလဲမြင့်တယ်
ထိုင်းမှာရေဘေးရောက်တော့ သက်ဆိုင်ရာ အဖွဲ့စည်းတွေက ရေဘေးသင့်တဲ့သူတွေကိုကူညီတာ
စာရေးသူလက်တွေ့ပါ ဟိုအဖွဲ့က စားစရာလာဝေလိုက် ဒီအဖွဲ့က ဆန်လာဝေလိုက်နဲ့
မာမား ဆိုတာ စာရေးသူ ကဲမပြောဘူး စားတောင်မစားတော့ဘူး အလကားရတာ ထိုင်းအစိုးရကလာဝေတာ
ဒါလိုချင်လို့ပြောတာမဟုတ်ပါဘူး မြန်မာနိုင်ငံနဲ့ယှဉ်ကြည့်တာ ဝမ်းနည်းလွန်းလို့ပါ

မြန်မာနိုင်ငံ နာဂစ် ဝင်လိုက်တော့ ကူညီသူတွေမဲ့နေလိုက်တာ တခြားနိုင်ငတိုင်းံက လာလှူတာတောင်လက်မခံဘူး ကူညီသူတွေလက်ထဲက ခေါင်းပုံဖြတ်လိုက်သေးတယ်
သူတို့မလိုချင်တာတွေပဲဝေတယ်ပေါ့ ဗျာ ဒါတွေပြောနေရင်တော့ပြောမကုန်လောက်ပါဘူးထားပါတော့လေ
ပြည့်ဝတဲ့ လူ့ခွင့်ရေးနဲ့ အလုပ်သမားခွင်းရေး ရဖို့ဆိုရင် Democracy လမ်းစဉ်ပဲလို့ယူဆရင်မှားမယ်မထင်ပါဘူး
ဒီနေရာမှDemocracy  အကြောင်းလေးနည်းနည်းလောက်ပြောချင်ပါတယ်
I think that democracy is the only system  which  can give with full Human rights and Worker rights can be
obtained and political , economic ,education  and social advancement will follow when there is Democracy.
So, I think that will make (Burma) myanmar into a new democratic country . Therefore we need it deppest.
နိုင်ငံ ချမ်းသာမှ ပညာရေး ၊လူမှုရေး၊ ကျန်းမာရေး တွေအဆင်ပြေပါမယ်
ဒါကြောင့်နိုင်ငံရေးဆိုတာကိုနဲ့လဲဆိုင်တယ်လို့စာရေးသူယူဆမိပါတယ်

                                                                    posted by ရဲမင်းလေး

No comments: