့home

ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်

Sunday, 5 February 2012

၂၀၁၂ ရဲ့ ဧပရယ် မျှော်လင့်ချက်



ရင်ခုန်ရမှားလားရင်မောရမှာလား တနေ့  နဲ့တနေ့ ဒီအကြောင်းတွေပဲ တွေးနေမိတယ်
မင်းတို့ပြောတဲ့ ရွေးကောက်ပွဲ ဟာ  တကယ် စစ်မှန်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါစေ
ဘာဖြစ်လို့လဲဆိုတော့ မင်းတို့လက်အောက်မှာက ပြည်သူတွေ က အရိုးနဲ့အရေ ပဲ ကျန်တော့တယ်
အထီးလဲ ကျန်လှပြီ အားလဲငယ်လှပြီဒါထင်ရှားလှတဲ့သက်သေတွေ ကမ္ဘာအလယ်မှာ
ကောင်းတော့ကောင်းတယ် ဘာကောင်းလဲဆို တော့ ရှက်ဖို့ကောင်းတယ်
တို့တတွေကလဲ စောင့် မျှော်နေတယ် တကမ္ဘာလုံးကလဲ မျက်စိ ဒေါက်ထောက်ကြည့် နေတယ်
အိမ်မက်တွေဖြစ်ကုန်မှာလဲ ဆိုးယိမ် နေတယ် အဲ ဒီချိန်ကြမှ အကြောင်းပြချက်တွေတော့
ပေါ်မလာပါစေနဲ့  တကယ် ပြောင်းလဲ တိုးတက် စေချင်တယ် ဆို ရင်တော့ ဒီတခါဟာ
တကယ် အချိန်သင့်အခါသင့်ပါပဲ  လူတိုင်းရဲ့ရင်ထဲမှာ မျှတတဲ့ရွေးကောက်ပွဲ တခုပဲလို့ ယုံကြည်နေတယ် ဒါနောက်ဆုံးထွက်သက်ရွေးကောက်ပွဲဖြစ်ချင်တယ်
တကယ်ကိုမျှတရင် ကျွန်တော်တို့ပြည်သူတွေဟာ ငြိုးနွမ်းနေတဲ့ ပန်းပင် ကို ရေဖျန်းပေးသလို
လန်းဆန်း ကာ ဖူးငုံလေးတွေနဲ့အတူအနာဂတ်မှာ ပျော်စရာတွေလဲကြုံရမယ် ကျေလဲကျေနပ်မှာပါ
အဲဒီ ပျော်ရွှင်မှုမျိုးကို တို့ပြည်သူလူထု ကြီးကို ပေးတွေ့ချငိတယ် ဒါကျွန်တော်ရဲ့ စေတနာအမှန်ပါ
ကျွန်တော်တို့ရဲ့ ဘ၀တ၀က်ဟာပျော်ရွှင်မှုတွေလဲ မကြုံခဲ့ရပါဘူး နက်ရှိုင်းလှတဲ့တောကြီးထဲမှာ
မျက်စိ လည် နေတဲ့ လူသားတယောက်လို လမ်းလဲပျောက်အားလဲငယ် တောနက်ရဲ့ ကြောက်စရာ
ချောက်လှန့်မှုတွေဟာ လမ်းပျောက်သူဖို့  လမ်းမှန်ကိုလိုနေသလိုပါပဲ
ဒီချိန်ထိတော့ အားလုံးဟာ အကောင်းပဲလို့ပြောရမယ်ပေါ့ ဒါပေမယ့် နောက်အနာဂတ်ထိ
ဒီလို့ကောင်းပါစေလို့ပဲ မျှော်လင့် နေတယ် လုပ်ပေးနိုင်တာထက်ပိုပြီးလုပ်ပေးနိုင်ပါစေလို့
ယူဆထားတယ် ဒါပေမယ့် တခုတော့ရှိတယ်ဗျ အခု ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးလုပ်နေတာတော့ သဘောမကျဘူး ဘာဖြစ်လို့လဲဆိုတော့ အစိုးရက အဲဒီ အကွက်ကို

ထောက်ပြပြီး အကြောင်းပြချက်တွေ ပေါ်လာမှာဆိုးလို့ပါ

တကယ်စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်ရင် သူပဲအနိုင်ရမယ်ထင်လို့ပါ
ဒါကြောင့် စည်းရုံးရေး မလုပ်သင့်ဘူးလို့ကျွန်တော်မြင်တယ်
ခဏနေသူအချုပ်ထဲ တောင်ပြန်ေေ၇ာက်သွားနိုင်တယ်
ဒါကကျွန်တော့်အမြင်ပါ အစိုးရက မှားကွက်ကိုစောင့်နေတာပါ
စစ်မှန်တဲ့ Democracy လမ်းစဉ်ဆိုရင်တော့မဖြစ်မနေ ရွေးကောက်ပွဲ
Election  ဟာ တကယ် ကို Positive effect ကောင်းတဲ့ အကျိုး
သက်ရောက်မှုပါ မြန်မာပြည်သူ တွေလဲ ကမ္ဘာအလည် မှာတော်တော်လေး
ရှက်ဖို့ကောင်းပါတယ်လူနေမှု အဆင့် တန်းကစပေါ့ စီးပွါးရေးနိုင်ငံရေး
ပညာရေး စရှိသဖြင့်ပါတော်တော်လေး နောက်ကျကျန်နေပါပြီ
ဒါတွေဟာ တော်တော်လေးကို ဆိုးရွားတဲ့ အချက်တွေပါ
လူ့အရင်းမြစ်ကို နားမလည်တာပါ တကယ်တော့Human Resources
ကောင်းတဲ့ ပျိုးထောင်မှုပါ ဒါတွေကို တကယ်လုပ်ရမယ်
ဖြစ်အောင်လဲလုပ်ပေးနိုင်ရမယ် ဒါမှ တိုင်းပြည်တိုးတက် မယ်
ဒါကြေင့် ဒီဘ၀မှာနောက်ဆုံးနေနဲ့ Election ရွေးကောင်ပွဲကိုစောင့်ရင်း
ဝဋ်ရှိရင်လဲ ကျွန်တော်ကတော့၂၀၁၂ ရဲ့ ဧပရယ်မှာပဲ ကျေပါစေတော့
ဆန္ဒပြုလိုက်ပါတယ်

posted by ရဲမင်းလေး

No comments: