့home

ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်

Saturday, 17 March 2012

အရင်လို ပြန်မရတော့ဘူး

မှန်ကလေးတစ်ချပ်
ရုတ်တရက်
ကွဲအက်သွားတယ်
ပြန်ဆက်လို့ရနိုင်ပေမယ့်
အရင်လို အကောင်းအတိုင်းမဟုတ်တော့ဘူး...


နှလုံးသားလေးတစ်ခု
ရုတ်တရက်
နာဖျားသွားတယ်
ပြန်ကုလို့ရနိုင်ပေမယ့်
အရင်လိုအကောင်းအတိုင်းမဟုတ်တော့ဘူး...


တွဲလက်ကလေးများ
ရုတ်တရက်
ပြုတ်ထွက်သွားခဲ့တယ်
ပြန်ဆက်လို့ရနိုင်ပေမယ့်
အရင်လို ခိုင်ခိုင်မြဲ မဖြစ်တော့ဘူး...


အိပ်မက်ကလေးမက်စဉ်
ရုတ်တရက်
လန့်နိုးသွားခဲ့တယ်
ပြန်မက်ချင်မက်နိုင်ပေမယ့်
အရင်နေရာက မဟုတ်တော့ဘူး...


နေ့ညတွေလည်း
အစဉ်အမြဲပဲ
ပြောင်းလဲသွားနေတယ်
မနက်ဖြန်တွေရနိုင်ပေမယ့်
အရင်လိုနေ့တွေပြန်မရတော့ဘူး.....
                                                                                                              ရေးသားသူ ။  ။  ဇင်လတ်ဦး

2 comments:

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်

ကြည်ဖြူခင်ခင် said...

ကဗျာလေးကကောင်းတယ်ရှင်.. အားပေးနေပါတယ်ရှင်..။