့home

ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်

Monday, 26 March 2012

ဘာလုပ်ကြမလဲ


ဒီနေ့တော့ကျွန်တော်တွေ့ခဲ့ရတဲ့အကြောင်းလေးကိုလူငယ်တွေ
မျက်စိပွင့်နားပွင့်အောင်အကြံလေး
မျှဝေပေးချင်ပါတယ်ဆရာလုပ်တာတော့မဟုတ်ပါဘူးဒီလိုလဲမထင်ကြပါနဲ့
စာရေးသူလဲသာမာန် general worker ပါပဲ ပြောချင်တာကလွန်ခဲ့တဲ့ရက်က
တနင်္ဂနွေနေ့ပါ ဘာလဲဆိုတော့ ထိုင်နိုင်ငံသက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့
သံဃာတော်တွေသုံးတဲ့ ၀ပ်တလုံး ဘုန်းကြီးကျောင်းကို ကျွန်တော်နဲ့သိတဲ့
ဦးဇင်းတပါးရှိပါတယ် စာရေးသူကလဲ သစ်သီးနဲ့စားစရာအချို့ကို လှူဒါန်းဖို့
ဦးဇင်းဆီကိုသွားပါတယ် အဲဒီရောက်တော့ဦးဇင်းနဲ့ စာကြောင်းပေကြောင်းလေး
တွေပြောပေါ့ ကျွန်တော်လဲမသိတာလေးမေးပြီးတော့ ဦးဇင်းကဒီလိုမိန့်ပါတယ်
ဘာလဲဆိုတော့  ဒကာကြီး တနင်္ဂနွေနေ့တွေဘာတွေလုပ်လဲပေါ့ အားရင်
ထိုင်းကျောင်း ထိုင်းစာပေါ့ သင်ပါလားတဲ့ ဘာဖြစ်လို့လဲဆိုတော့
တို့နိုင်ငံ ဟာ ရွေးကောက်ပွဲပြီးလို့ အခြေနေကောင်းရင် ကမ္ဘာကစီးပွါးေ၇း
ပညာရှင်တွေက တို့နိုင်ငံကိုအခြေချမယ်ပြီး ထိုင်းမှာရှိတဲ့အလုပ်ရုံစက်ရုံတွေက
မြန်မာပြည်ထဲ ၀င်လာတော့မှာ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းမှာရှိတဲ့စီးပွါးရေး
လုပ်ငန်းရှင်တွေက ထိုင်းးမှာရေရှည်အတွက်မရဘူး ထိုင်းနိုင်ငံဟာဆိုရင်
ပင်လယ်ရေမျက်နှာပြင်နဲ့ အညီ အောက်မှာတောင်ရောက်နေပြီ တလောကပရေကြီးသွားတယ်ဆိုပြီးမိန့်ပါတယ် ဒါကြောင့် ထိုင်းစာကိုတတ်အောင်သင်
မြန်မာပြည်ရောက်လာရင် အနည်းဆုံတော့စကားပြန်လုပ်ရတယ်
နောက်တခုက ရွေးကောက်ပွဲပြီးလို့ အဆင်မပြေရင် ခေါင်းဆောင်တွေမကောင်း
ရင် ကိုယ့်ဟာကို ပဲ ကောင်းအောင်လုပ်ကြလို့ မိန့်ပါတယ်
ကျွန်တော် တော်တော်လေးသဘေကျပါတယ် ဒါကြောင့်ဒီအကြောင်းလေးကို
ထိုင်းမှာအလုပ်လာလုပ်တဲ့ မြန်မာပြည်သား လူငယ်လေးများရော နိုင်ငံတကာ
မှာရောက်နေတဲ့ မြန်မာပြည်သားများ ကိုလုပ်နေတဲ့အလုပ်ကို အကောင်ဆုံးနဲ့
တတ်မြောက်အောင် You must do the best that you can ပေါ့ ကိုယ်လုပ်နိုင်တာ
ကိုယ်တတ်သလောက်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ကြပါ
ကိုယ်မြန်မာပြည်ပြန်ရောက်လို့ရှိရင်တောင် အတတ်ပညာလေးတခုခုတော့
အခွင့်ရေးရတဲ့ချိန်မှာရအောင်ယူကြပါ
ကျွန်တော်ကျောင်းတုန်းက  ကဗျာလေးသွားသတိရတယ်
              ခွင့်သာခိုက်မှမလိုက်ချင်လျှင်   အရှုံးနဲ့ပင်ရှိသေးနေလိမ့်မလား
              ခွင့်သာတုန်ကမှရုန်းချင်လျှင် အမိုက်နှင့်ပင်ရှိသေးနေလိမ့်မလား
အဲလိုပဲ အခွင့်ရေးရတုန်းကို လုပ်ကြပါ အချိန်က်ုအလကားမဖြစ်ပါစေနဲ့လို့
ညီကိုမောင်နှမ အရင်းတွေလိုပဲသဘောထားပြီး အကြံပေးချင်ပါတယ်

1 comment:

ချစ်စံအိမ် said...

မှတ်သားခဲ့ပါတယ်ရှင်