ငါတို့တိုင်းပြည်ဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံထဲမှာ ပါနေတယ် ညီညွတ်မှူ မရှိဆုံး ၊ပါတီခွဲအများဆုံး၊
တူတလူ ငါတမင်း အများဆုံး ၊ လူတွေကိုကြည့်လိုက်ပြန်တော့ ကိုယ်ကျင့်တရား အပျက်ပြားဆုံး
ဖြစ်နေတယ် တည်ရှိနေတော့ လူ ဦးရေသန်းပေါင်း (1000)ကျော်ရှိတဲ့ တရုတ် သန်းပေါင်း (900)
ကျော်ရှိတဲ့ အိန္ဒိယ သန်းပေါင်း (800)ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒီနိုင်ငံကြီး သုံးနိုင်ငံကြားထဲမှာ
ကျွန်တော်တို့မြန်မာလူမျိုးက သန်းပေါင်း (60) လောက်ကလေး ရယ်နဲ့ ညီညွတ်မှူမရှိရင်တော့
မျိခံရမှာပဲဗျာထားပါတော့ မြန်မာနိုင်ငံရဲ့ ညီညွတ်မှုမရှိလခြင်းဟာ မြန်မာလူ မျိုးတွေက
ပညာ ကောင်းကောင်းမသင်ကြားနိုင်ခြင်း ၊ဗဟုတုသ နည်းပါးခြင်း ၊အဲဒီဖြစ်တွေက ကြောက်စရာ
အကောင်းဆုံးပဲ ဗျာ အဲလို ပညာမတတ်တော့ တိုင်းတပါက နိုင်ငံရေးမှာပဲဖြစ်ဖြစ် ၊စီးပွါးရေးမှာပဲ
ဖြစ်ဖြစ် ၊၀င်ရောက် ခြယ်လှယ် နေတာပဲ ငါတို့လူမျိုး ညီညွတ်မှူရှိရင် ဒီလို သူတပါးက၀င်ရောက်စွက်ဖက်တာမျိုး မရှိပါဘူး (နွားကွဲတော့ကျားစွဲ) ဆိုသလိုပဲ
သတိကောင်းကောင်းထားသင့်တယ် နိုင်ငံတကာ က၀င်ရောက် ကြားဝင်ဖြေရှင်းတယ်ဆိုတာကလဲ
ကိုယ့်အကျိုး မရှိပဲနဲ့ ဘယ်ကောင်မှ မလုပ်ဘူး လူ ဆိုတာ ကိုယ့်အကျိုးကို ရနိုင်မလား စဉ်းစားပြီး
မှ ကြားဝင်တာ ဒါကို သတိထား ပါ။ ခုဆိုမြန်မာလူငယ်တွေက ပညာမတတ် ဗဟုတုတ နည်းနိုင်ငံတကာ
မှာ ထွက်အလုပ်တွေလုပ်ကြ နဲ့ ပညာမသင်နိုင် အကြောင်းကြောင်းပေါ့ မိသားစု ပြဿနာ ပြေလည်အောင်
တိုင်းတပါးမှာ အလုပ်လုပ်ကြတာပေါ့ မြန်မာလူ ငယ်တွေ အများဆုံးအလုပ်သွားလုပ်တဲ့နိုင်ငံတွေဆိုရင်
ထိုင်း၊မလေး၊စင်္ကာပူ၊တရုတ် အဲဒီနိုင်ငံတွေကို မြန်မာလူ ငယ်တွေ အလုပ်အများဆုံးသွားလုပ်ရပါတယ်
လူ ငယ်တွေက နိုင်ငံခြားမှာ အလုပ်လုပ်ရတယ်ဆိုတော့ မြန်မာလူ မျိုးပီပီ ကိုယ့်ကိုသိပ်အထင်ကြီးပြန်နေရော ညီညွတ်မှူမရှိ ဘူး အထူးသဖြင့် ထိုင်း၊မလေး မှာဆိုမြန်မာလူငယ်တွေ
ဟာ မညီညွတ်ဘူး မြန်မာလူမျိုးထဲမှာ ကိုလူမျိုးခွဲတွေ များပြီး မွန်၊တောင်ကြီးရှမ်း၊ကရင် ၊ပအို၊ဗမာ ဆိုပြီး
ခွဲခြားကြပြန်တယ် ကျွန်တော် ထိုင်းကို အလေးထားပြောချင်ပါတယ် ထိုင်းမှာ လာရောက်အလုပ်လုပ်ကိုင်
ကြတဲ့လူငယ်တွေက တော်တော်များများက ပညာ ၊ဗဟုတုတ ၊နည်းပါးဆုံးပါပဲ ဘာဖြစ်လို့လဲဆိုတော့
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဆိုတာ ခြံစည်းရိုးပဲခြားတယ်ဆိုတော့ အောက်ခြေလူတန်းစား တော်တော်များများက
ဝင်ချင်တဲ့ချိန်ဝင် ထွက်ချက်တဲ့ချိန် ထွက်နဲ့ လူပေါင်း (4)သန်းကျော် လောက်ရှိတယ်ဗျာ
လူငယ်တော်တော်များများက ညီညွတ်မှူ ဆိုတာကို အဓိပ္ပယ်နားမလည်ဘူး အထူးသဖြင့် မွန်၊ တောင်ကြီးရှမ်း အဲလူမျိုးခွဲတွေက ပညာကလဲကောင်းကောင်းမတတ်တော့ ငါက မွန်ပဲ ငါကတောင်ကြီးရှမ်းပဲ ဆိုပြီးတော့ မြန်မာလိုတောင် စကားမပြောဘူးဗျ ဖြစ်နေတာ တော်တော် တော်တဲ့ လူမျိုးတွေပဲ ဟာ ရှက်ဖို့သိပ်ကောင်းတယ် လူတွေကစာမတတ်တော့ လူ့အခွင့်ရေးနားမလည်
အလုပ်သမားအခွင့်ရေးနားမလည်နဲ့ စည်းလုံးလို့လဲ မရ နဲ့ စိတ်ဓာတ်တွေ ကကွဲနေတယ်
မြန်မာလူမျိုးတွေဖြစ်နေပြီးတော့ စိတ်ဓာတ်တွေက အောက်တန်းကျနေလို့ ဒီချိန်မှာ မဖြစ်သင့်တော့ဘူး
(88)အရေးခင်းနောက်ပိုင်းကတည်းက ညီညွတ်မှုတော်တော်လေးပျက်ပြားလာတယ်သက်ဆိုင်ရာ အာဏာ
ပိုင်တွေဘက်ကလဲ ပိုပြီး ထင်သာ မြင်သာ အောင်လုပ်ပေးရမယ် ၊အထူးသဖြင့် ပညာရေး ပိုင်းကိုအားသွန်ခွန်ဆိုက်လုပ်ပါ နည်းပညာပိုင်းလဲ ခြန်ထားလို့မရဘူး နည်းပညာပိုင်းမှာလဲ
လူတွေက တော်တော်ညံ့တယ် တော်တဲ့လူတွေလဲ ရှိပါတယ် ဒါပေမဲ့ ညီညွတ်မှူမရှိတော့ ရှေ့ကိုမသွားနိုင်ဘူး မြန်မာနိုင်ငံက ထွက်လာပြန်ပြီးဆော့ဝဲ စာစီစာရိုက်လေ့ကျင့်တဲ့
ဆော့ဝဲ ရှက်ဖို့တောင်ကောင်းတယ် ဒါကိုတချို့ကပြောသေးတယ် ပညာရှင်တွေပေါင်းပြီး ရေးရင်ဆော့ဝဲ
ကောင်းတွေထွက်လာမယ်လို့ လုပ်ပါလား မလုပ်ဘူး လုပ်မတတ်တာ လား မလုပ်တာလားတော့မသိဘူး
သတိထားသင့်တယ်နော် ကမ္ဘာကြီးက နည်းပညာခေတ်လို့တာ အော်နေတာ ဘာမှလဲကောင်းကောင်း
ကျွမ်းကျင်တာမရှိ တလော ကပဲ မြောက်ကိုရီးယားက ဒုန်းကျီလွတ်တာအောင်မြင်သွားတယ်
အင်း နိုင်ငံတာကာ ကဝေဖန်လိုက်ကြတာ ကျွန်တော်ကတော့အားပေးတယ်မြောက်ကိုရီးယားကို
ဘာဖြစ်လို့လဲဆိုတော့ အဲဒီကန့်ကွက်တဲ့နိုင်ငံတွေ က နူးကလီးယားတောင် ပိုင်ထားတဲ့နိုင်ငံတွေ
သူများလုပ်တာကြ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ကိုယ်လုပ်ခဲ့တုန်းက ကမ္ဘာစစ်တောင်ဖြစ်သေးတယ်
အဲဒါပဲ လူ့အခွင့်ေ၇းလို့အော်နေတယ် တကယ်လက်တွေ့မှာတော့ ကို့စီးပွါးလဲ ပါတာပဲ
ထားလိုက်တော့ ဗျာ ဘာပဲဖြစ်ဖြစ် ယနေ့ လူငယ်တွေ က နိုင်ငံတကာနဲ့ဆက်ဆံလာရပြီဆိုတော့
လူငယ်တွေ ကိုယ့်ကိုကို ပိုပြီး ကြိုးစားပါတစ်ယောက်နဲ့တစ်ယောက်ညီညွတ်မှူရှိပါ ဒါမှ နိုင်ငံတကာနဲ့
ယှဉ်ပေါင်တန်းနိုင်မယ်ဆိုတာ သင်သတိထားလိုက်ပါ။
ရဲမင်းလေး(ရွှေညီကို) စဉ်းစားမိသမျှ sharing
No comments:
Post a Comment