ပန်းကလေးတွေဟာ ရေကြည်နေခြည်ဖြန်းမှ
လှပစွာ ဖူးပွင့်နိုင်ပေမဲ့
မိဘမေတ္တာဟူသည် သားသမီးများပေါ်
ထာဝရ ဖူးပွင့်နိုင်ဖို့ မဟာဂရုဏာစေတနာပေးနေဆဲပါပဲ….
တောသူပီပီ ဆင်းရဲပေမဲ့
ပေါင်းနုတ်ကောက်စိုက် အငါးလိုက်ကာ
သားတွက်ရှေ့ရေး ကျောင်းထားပေးနိုင်ခဲ့တဲ့မေမေ…..
ဖေဖေဖြစ်သူ မေမေ့ခင်ပွန်း နေ့ စဉ်နဲ့အမျှ
ယမကာသုံးစွဲ အလုပ်မမြဲကို
အပစ်ပင် မပြော သားသမီးဇောနှင့်
လောကအလယ် သောကအသွယ်သွယ်နှင့်
ဇွဲမလျှော့ပဲ မျက်နာငယ်ငယ်
သားမသိမ်ငယ်အောင် ကျောင်းဆက်နိုင်ရေး
ပင်ပန်းသည်မရှိ ရသည့်အချိန်
တောင်းသေးလွယ်ကာ ရိုးပြတ်လယ်ထဲ
ကောက်သလေးသီးနှံ နေ့ စဉ်စုဆောင်း
ဝမ်းကြောင်းခဲ့တဲ့ မေမေ့လက်ရာ
ငါးပိဖုတ်နှင့် ထမင်းတစ်လုပ်ကို
သားဒီချိန်ထိတမ်းတဆဲပဲမေမေရယ်…
ဝမ်းရေးတစ်ဖုံ သားဇောတစ်ဖက်
ဖေဖေ့ ရက်စက် ဒေါသအမြက်ကို
ကြံ့ကြံ့ခိုင်ခိုင် သံတိုင်လိုမလဲ
ဝမ်းနည်းတတ်သူ မေမေ့မျက်ဝန်း မျက်ရည်စို့ကာ
သားငယ်ကိုပွေ့  အမှောင်ကွေ့ မှာ
ရှိုက်ရှိုက်ပါအောင် ငိုခဲ့တဲ့နေ့ တွေ သားမမေ့နိုင်ဘူး…
သားလေးမျက်နှာ ကြည့်ကာငေးငေး
လူ့ လောကလယ် မျက်နာမမွဲ ရောင့်ရဲတတ်အောင်
ဆုံးမစကား အခါခါပြောခဲ့
မေမေ့ကျေးဇူး ကြီးမြတ်ထူးသည်
ဗုဒ္ဓအရှင်ကိုတော်တောင်မှ မိခင်ကျေးဇူး
နို့တစ်လုံးဘိုးတာ ဆပ်လို့ကုန်ခဲ့
သားလိုသာမန် ပုထုစဉ်တော့ နို့တစ်စက်မှ
ဒီတစ်သက်တော့ ဆပ်လို့ကုန်နိုင်မည်မဟုတ်ပါ
သားကိုချစ်တဲ့ တောသူမလေး မေမေရယ်……….
ရဲမင်းလေး(ရွှေညီကို) ရင်းတွင်းဖြစ်
အမေနေ့အတွက် လက်ဆောင်ဘ၀ဖြစ်စဉ်.....
No comments:
Post a Comment