ငိုကြွေးအော်ဟစ်သံတွေ အာကာပြင်ထက်ပျံ့ နှံ့ 
ကောင်းကင်းတခွင်လုံး အမှောင်ဖုံး အမှောင်ဆုံးတဲ့ညတွေ
အိမ်မက်ဆိုးကခြောက်လန့်  အိပ်ပျက်တဲ့ညတွေ
ဘယ်သူမှမသိသလို ဘယ်သူမှမသနား
အခါခါရှုံးခဲ့တိုက်ပွဲ အနိုင်လဲမလိုချင်တော့
အမိရင်ကိုခွာ ကံစွန့် လို့ မလုံရာ
သံသယမျက်လုံး ချဉ်စက်စက်အကြည့်
ဟန်ဆောင်အပြုံးပြည့်နက် ကြင်ငတ်တဲ့ အသိုင်းအဝိုင်းကြားမှာ
ငါတို့ ရှင်သန်လှုပ်ရှားနေရတယ်.....
အတောင်မစုံ အသိုက်မြုံဆီက
ငှက်တစ်ကောင်လို ကောင်ကင်ပြာလေဟာနယ်ထဲ
လွတ်လပ်စွာပျံသန်းချင်သလို ငါတို့ ဘဝတွေဟာလဲ
လွတ်လပ် ခြင်းကို မြင်သာမြင်ပြီး
မမြင်နိုင်တဲ့ချူပ်နှောင်မူ့ တွေ ကိုရုန်းမထွက်နိုင်ဘူး.....
အကူးပြောင်းမှာ တူးမြောင်းကိုကျော်ဖို့ 
အင်အားလဲမရှိ ဒီဒဏ်ရာတွေကြောင့်ပဲ
တချို့တချို့ ဘဝ နိဂုံးမလှခဲ့ဘူး
ဒဏ်ရာတွေအသားရစ်ဖြစ်လို့ 
ဆူးတစ်ချောင်းနစ်ဝင်တာငါမသိ
နောက်ကျောမှာ လူယုံဓားဒဏ်ကြောင့်
ဒုက္ခတွေနဲ့ သူ့ ကို ငါ ကျောမပိုးနိုင်ဘူး......
သေချာတာ မြေတစ်နေရာငါမရှိ
မက်လုံးတွေ များများ ပေးလူစိမ်းတွေ
တို့ အလံကိုင်လို့  ပိုင်ရှင်မှာ ငိုင်နေရပြီ
ရွာအပြင် စီးမှာနေ
ေေ ရွှေမြန်မာတွေ ကင်းလှည့်အလား
ရွာလယ်မှာ ရောင်စုံမလှရယ်
နန်းပျောက်မည့်အလား.....
ရဲမင်းလေး(လယ်သာစု)
No comments:
Post a Comment