- ကမ္ဘာမှာလူဦးရေသန်းပေါင်း(၇၀၀၀)လောက်နေထိုင်ရာမှာနိုင်ငံအသီးသီးလူအမျိုးမျိုးတွေစိတ်ဓာတ်တွေလဲတစ်ဦးနဲ့တစ်ဦးမတူညီကြပါဘူး
အဲဒီကြားမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေလဲစိတ်ဓာတ်အမျိုးမျိုးနဲ့တစ်ဦးကိုတစ်ဦးညီညွတ်မှုကွဲပြားနေတာကိုစာဖတ်သူလဲတွေ့ရမှာ
ဖြစ်ပါတယ် ဒီနောက်ပိုင်းခေတ်မှာပိုမိုဆိုးရွားတာလဲတွေ့ရပ်တယ်ကမ္ဘာ့အလယ်မှာ အရမ်းရှက်ဖို့ကောင်းတဲ့အကျင့်တွေပါ
လူမျိုးစုတွေများသလောက်လဲ ငါတလူငါတမင်းတွေတွေကွဲပြားနေပါတယ် ကြီးမှားတဲ့လွှဲမှားကြီးတခုပါပဲ
ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်တွေအထူးကောင်းမွန်ဖို့ဆိုရင် မျိုးဆက် (၁၀)မျိုးဆက်လောက်ပြုပြင်ရမည်လို့
စာရေးသူထင်ပါသည်
မိမိနိုင်ငံကို လူနေမှုအဆင့်အတန်းမြင့်မားစေလိုသည်၊၊ စူးစမ်းလိုစိတ် တီထွင်လိုစိတ်တွေလဲနည်းပါးတာကိုစာဖတ်သူအနေနှင့်လဲတွေ့မြင်မည်မှာမလွဲပါ
သင်လျှင်တတ်သည်ဆိုသည့်ဝါဒကိုစုတ်ကုင်ထားဟန်တူသည် ကိုယ့်လူမျိုးကို မချစ်သောကြောင့်ဝေဖန်ရေးသားချင်းမဟုတ်ပါ
လူငယ်ေးများ သတိထားမိစေခြင်း ပြုပြင်စေလိုခြင်းစိတ်ဖြင့်သားရေးသားခြင်းဖြစ်ပါသည်
ဒါကြောင့် လူငယ်များစဉ်းစားကြပါ ပြုပြင်ကြပါ ကိုယ်လူ မျိုးကို သတိ ထာပြီး များများဝေဖန်ကြပါ
မှန်သည်မှားသည်ကို ဝေဖန် ပြီးမှ ကိုယ်ပိုင် ညာဏ်ဖြင့်စဉ်းစားဆုံးဖြတ်ပါ
ဆရာကြီးဦးအောင်သင်းပြောသောစကားလေးဖောက်သည်ပြောရဦးမည်
မြန်မာပြည်ကို အင်္ဂလိပ်တို့ တိုက်ခိုက်သောအခါ ပထမ အကြိမ်သစ်နှစ်တိုက်ရတယ် ဒုတိယ အကြိမ် လေး လ တိုက်ရတယ် နောက်ဆုံး အကြိမ်မှာ (၁၄) ရက်နဲ့ မြန်မာပြည် သူ့ ကျွန်လက်အောက်ရောက်ရသည် အဲဒီမှာ ဆရာကြီးက
မြန်မာတွေ စာမတတ် သော ကြောင့် ရှုံးရသည်ဟုဝေဖန်လေသည် မြန်မာသူရဲကောင်းတို့မှာ ဒုတ် ဓား လှံ လောက်ပဲ ခုခံနိုင်သည်ဆို၏ တစ်ဖက်မှာ ခေတ်မီ သေနတ်များဖြင့်တိုက်ခိုက်သောကြောင့် မြန်မာများ (၁၄) ရက်နှင့် ကျွန်ဖြစ်ရလေသည်
ပြောချင်တာက သမိုင်းကိုလေ့ လာတဲ့နေရာမှာ အားမနာရဘူး အားနာနေလို့ရှိရင် အနာဂတ်ကိုသစ္စဖောက်ရာရောက်တယ်
အဝေဖန်မခံနိုင်တဲ့လူ (ဝါ) အဝေဖန်မခံနိုင်တဲ့လူမျိုး(ဝါ) နိုင်ငံ ဟာ ဘယ်တော့ဘယ်တော့မှ မအောင်မြင်နိုင်ဘူးဟုယူဆမိသည်
ကိုယ်အမှားကို ကို ကို တိုင် မမြင်နိုင်ဘူး သူတ ပါးကြည့်မှ မြင်နိုင်ပ်တယ်
စာရေးသူမှာ ဆရာလုပ်၍ ပြောနေခြင်း တတ်လို့ပြောနေခြင်းမဟုတ်ပါ ခံစားချက်ကို ထုတ်ဖေါ် ဝေဖန်ခြင်းသာ ဖြစ်ကြောင်း
ရိုးသားစွာဝင်ခံပါသည်၊၊
ကမ္ဘာကျော်စာရေးဆရာကြီး( lewis) ပြောဖူးသည်မှာ ဖြားယောင်းရ အလွယ်ဆုံး ယုံမှတ် အလွယ်ဆုံးမှာ အာရှ သားများဟု ပြောဖူးလေသည်၊၊
နောက်ပြီး စာရေးသူ အယူစလေးတင်ပြချင်ပါသည် ကျွန်တော်တို့နိုင်ငံမှာ democracy ရဖို့ကြိုးစားနေသည်မှာစာဖတ်သူလဲသိပါသည် ဒါကို တနိုင်ငံလုးံက ဒေါ်အောင်ဆန်းစုကြည်ကအားကိုးနေတာတွေ့ရပါတယ်
ဒါကိုစဉ်းစားပါ ဒေါ်ဆု ကို မလေးစား မနာလိုစိတ်ဖြင့်ရေးခြင်းမဟုတ်ပါ
တကယ်လို့ ဗျာ သူသေ သွားခဲ့သည်ရှိသော် ခင်းဗျားတို့ စာရေးသူတို့ ဘာမှ ဆက်မလုပ်တော့ဘူးလား?
ဥပမာ ဒေါ်ဆု အကျဉ်းကျနေတော့ သူ လွတ်မြှောက်ဖို့ပဲ လိုလားတာတွေတွေ့နေရတယ် ရည်ရွယ်ချက်ကဘာလဲ
democracy လား? ဒေါ်ဆုလွတ်ဖို့လား? စဉ်းစားပါ သူများရောတိုင်းလိုက်မရောပါနှင့် ဒေါ်ဆုလဲကြိုးစား ကိုကလည်းကြိုးစားဆိုရင်
ညီညွတ်မှုဖြင့် အဖြေ မရနိုင်ဘူးလား?
တွေးကြည့်နော်စာဖတ်သူတို့ပေါ့ပေါ့လေးမဟုတ်ပါဘူး
မြန်မာလူငယ်တွေ ကြိုးစားပါ စာရေးသူလည်း ရင်ဖွင့်ေ၇းသားရတဲ့အတွက် အထူးပဲဝမ်းသာမိပါတယ်
ဒီစာကိုဖတ်ပြီးတဲ့သူငယ်ချင်းတို့ ဝေဖန်လိုချင်တော့ goldenbrothers01@gmail.com ကိုဝေဖန်ရေးသားပေးပို့နိုင်ပါတယ်
ရဲမင်းလေး
Tuesday, 22 November 2011
မြန်မာအကြောင်းသိကောင်းစရာလေးများ
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment