အမေ ......... ရာသီတွေလဲမသိ အချစ်ဆိုတာလဲ မရှိတဲ့ သား ........... မေတ္တာ ဆာလောင်မှု စက္ကန့်တိုင်းမှာ အလွမ်းပိုတတ်တဲ့ သား.... အထီးကျန်သမားပါ အမေ............. အမေ........အမေ........အမေ့ သိရဲ့လား သား အိမ်ပြန်ချင်ပြီ... အမေ့ ရဲ့ မေတ္တာရိပ်အောက်မှာပဲ သား နေခြင်ခဲ့ပေမဲ့ အခွင့်မကောင်းခဲ့တော့ မလေးရှား မှာ ကျွန်ဝင်ခံ ဖိအားတွေ တပုံတပင်ထဲ ခေါင်ငုံ့ဝင် ရုန်းကန်ရင်းနဲ့ အချိန်တွေ ကြာလာတော့လည်း အိမ်ပြန်ချင်တာပါပဲ........အမေ..... အဝေးက သား မှာလေ နိစ္စဓူဝတွေ ရင့်ကျတ်ဖို့ လှဲကျလိုက် ပြန်ထလိုက် သား လျှောက်တော့ လျှောက်နေဆဲပါ အမေ ပန်းခင်းထဲလား ဆူးခင်းထဲလား အဖြေတော့မရှိတေးဘူး......ဒေသန္တရ စိန်ခေါ်မှုတွေထဲမှာ ဒုက္ခတွေနဲ့ ဖတ်လှဲတကင်း အိမ်မက်တွေ မှောက်မှားနေချိန်မှာတော့ ဗိဿနိုးမည် တောင်းတွင်းကြီး တစ်ဖတ်ကမ်းက အမေ့ အိမ်လေး ကိုပါပဲ အမေ.......အမေ့ရဲ့ကျေးဇူး သား ဘ၀နဲ့ရင်းပြီးချေလည်း တောင်မြင့်မိုရ် ဆီးစေ့ပေါက် တုနိုင်းလို့ မယှဉ်လောက်ပါဘူး...... အမေ.......သြော်.........တွေးလေ ဝေးလေ ဆွေးမပြေ မွေးတစ်မြေနဲ့ ရပ်တစ်ခြား........ သြော်....မလေးရှား မလေးရှား ????????????
အိမ်လွမ်းသူ
ရဲမင်းလေး
No comments:
Post a Comment