့home

ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်

Wednesday, 14 December 2011

လူငယ်များအတွက်

ကျွန်တော်လဲ အားနေတာနဲ့စိတ်ကူးပေါက်တာတွေလျှောက်ရေးနေမိတယ် ကိုယ့်ခံစားချက်တွေကိုအခြေခံပြီးကိုယ့်အမြင်သဘောထား
လေးပြောပြချင်ပါတယ် ကျောင်းသားဘဝကဆိုရင် မြန်မာပြည်မှာ internet သုံးမနိုင်တော့စာအုပ်ထဲမှာချရေးခဲ့ရတယ် အဲဒါလေးတွေ
စားသားလေးတွေပေါ့ဗျာ ရေးသားခဲ့တာလေးတွေ အခုထိ စာအုပ်ထဲမှာရှိနေတယ် ငယ်စဉ်ကအမြင် ခံစားချက်တွေပါ
ကျွန်တော်ကျောင်းသားဘဝကဆိုရင် ကဗျာတွေ တော်တော်များများ ရေးခဲ့ဖူးပါတယ်ဝါသနာကလည်းကြီးပါတယ်
ရွာမှာဆိုရင်သူငယ်ချင်းတစ်ယောက်ရှိပါတယ်သူက အရမ်းစာပေ လောက ဝါသနာပါတယ် တော်တော်လည်း လေ့လာပါတယ်
ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ဆုံကြရင် တစ်ယောက်နဲ့တယောက် ဖလှယ်ကြပါတယ်
စာအုပ်တွေလဲ အများကြီးဝယ်ဖတ်ပါတယ် ဘဝအကြောင်းတွေပြောကြတော့ အရမ်း ကို ဝမ်းနည်းမိခဲ့ရတယ်
တိမ်ငယ်မှုတွေနဲ့ ပြည့်နေတဲ့ရင်ဘတ်ကို  ငုံ့တောင်မကြည့်ဝံ့ပါဘူး ထားပါတော့
ပြောချင်တာလေးဆက်ကြမယ်  ဦးဖေမြင့်ပြောဖူးတယ် လူသည် မွေးလာတယ် သေဆုံးတယ် ဒါပေမယ့်
နေတာမှာဘယ်လိုနေသွားလဲ အရေးကြီးပါတယ် နေဖို့ဆိုရင် ဘဝကိုရင်ဆိုင်ရတော့မယ် သတိထားမိသလားတော့မသိဘူး
နောင်တရရင်ဘဝဟာ တစ်ဝက်ကျိုးနေပြီဆိုသတဲ့
ဘဝကိုရင်ဆိုင်တဲ့နေရာမှာ လက်နက်ကောင်းတွေလိုပါတယ်   ဓားတွေ လှံတွေမဟုတ်ပါဘူး
 အသိပညာ၊အတတ်ပညာ၊ဗဟုသုတ ၊ အတွေးအခေါ်တွေပါပဲ ဒါတွေမရှိရင်လဲ ဘဝကိုရင်ဆိုင်လို့ရပါတယ် ဒါပေမယ့်ကြမ်းပါတယ်
ပညာကိုငယ်စဉ်မှာသင်ယူလေ့လာတာပိုကောင်းပါတယ်
လမ်းမှားသွားခဲ့ရင်အမြန်းဆုံးပြင်နိုင်အောင်ကြိုးစားပါ ဘဝမှာ အောင်မြင်ဖို့ဆိုတာဖြတ်လမ်းမရှိပါဘူး( There is no no no shortcut to success)
အနည်းနဲ့ အများတော့ ပေးဆက်ရတာပါပဲ
အားမငယ်နဲ့ ကမ္ဘာမှာတန်းဖိုးမရှိတာမရှိပါဘူး သူ့ဟာနဲ့သူတော့ တန်းဖိုးအသီးသီးရှိကြတာပါပဲ
ဘဝလမ်းရွေးရင်မမှားပါစေနဲ့ လမ်းဟာ ခိုင်မာရမယ် ၊ ပြတ်သားရမယ်၊လုံ့လဝရိယသတ္တိရှိမယ်ဆိုရင်
လက်တကမ်းသာလိုပါတယ် သူငယ်ချင်းတို့
ဦးအောင်သင်းပြောတာလေး ပြောပြချင်ပါတယ်သူဟာကံကောင်းလို့ထောင်ကျတာတဲ့ ဘာဖြစ်လို့လဲဆိုတော့သူဟာ
ထောင်ထဲမှာပညာသင်ပြီး ဆယ်တန်းအောင် တက္ကသိုလ်ကျောင်းဆရာတွေဖြစ်လာတာတဲ့နော်
ဒါ့ကြောင့်လူငယ်များဒုက္ခရောက်ရင်ရတဲ့အခွင့်ရေးတွေကိုလက်မလွတ်ပါစေနဲ့တဲ့ အရမ်းကိုတန်းဖိုးရှိပါတယ်
လေးစားမိတယ် သူငယ်ချင်းစာဖတ်သူလည်း ဒီစာကိုဖတ်ခြင်းအားဖြင့်  နည်းလမ်းလေးရစေချင်ပါတယ်
ကျွန်တော်လည်းသိလို့တတ်လို့ပြောနေတာမဟုတ်ပါဘူး ဒါလေးနားလည်ပေးပါ
နိုင်ငံအတွက်အမျိုးကောင်းသားကောင်းများဖြစ်ကြပါစေသော်.........

                                                  ရဲမင်းလေး

No comments: