့home

ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်

Friday, 30 December 2011

မြန်မာပြည်၏ပြောင်းလဲမှူအပေါ်သဘောထားအမြင်လေးများ

၂၀၁၀ နဲ့၂၀၁၁ ကြား အထူးသဖြင့် ဦးသန်းေ၇ွှနောက် ဦးသိန်းစိန်လက်ထက်မှာပေါ့မြန်မာပြည်ဟာ
သိသိသာသာ ပြောင်းလဲလေးတွေကိုတွေ့ရတာစာဖတ်သူလဲသိပြီးသားပါ  ဥပမာ အကျဉ်းသားတွေအများပြားလွှတ်ပေးခြင်း၊ဒေါ်စုလွှတ်မြှောက်ခွင့်ပေးခြင်း၊သတင်းမီဒီယာတွေလွတ်လပ်စွာသတင်းရယူခွင့်ပေးခြင်း
ပြည်ပရောက်မြန်မာ တွေကို အမိမြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခိုလုံခွင့်ပေးခြင်း စသဖြင့်ပေါ့
အဘက်ဘက် က ပြောင်းလဲလာတာလေးတွေကိုတွေ့ရပါတယ်
ဦးသန်းရွှေလက်ထက်မှာ ပြည်တွင်းပြည်ပ အတိုက်ခံပါတီတွေနဲ့ တောက်လျောက် တင်းမာလာခဲ့တာ
ဦးသိန်းစိန်လက်ထက်မှာ ရုတ်တရက်ပြောင်းလဲလာခဲ့တာ မယုံနိုင်အောင်လောက်ပါပဲ
ဒါနိုင်ငံရေးရ တွေးရင်တော့ ဦးသန်းရွှေလက်ထက်မှာတင်းမာလာခဲ့တာကို ဦးသိန်းစိန်လက်ထက်မှာ နည်းတမျိုးနဲ့ ပြောင်းလဲလျှော့ ချ ခဲ့တာ မလျှော့မတင်းဆောင်းကြိုးညှင်းသကဲ့သို့ပြောင်းလဲဆက်ဆံလာတာလို့စာရေးသူယူဆမိပါတယ်
ဒါပေမဲ့ အကောင်းဘက်ကကြည့်ရင်တော့ တရုတ် မြန်မာ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ပြည်သူတွေ
ကန့်ကွက်ခဲ့တာ သူ လက်ခံ ရက်ဆဲ လိုက်တာ ဟာ ဒါ တကယ့် ကောင်း တဲ့ပြောင်းလဲမှုလေးတခုပါပဲ
တကယ်လို့တာ ဆက်လက် အကောင်ထည်ဖော်သွားမည်ဆိုရင်ေ တာ့ စာရေးသူအထင်တော့ အရေးအခင်းတောင်ဖြစ်လာနိုင်ဖွယ်ရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဧရာဝတီမြစ်ကြီးဟာ
မြန်မာနိုင်ငံမှာဆိုအဓိက အရေးပါတဲ့ မြစ်ဖြစ်လို့ပါပဲ  The heart of Myanmar ပေါ့ မြန်မာနိုင်ငံရဲ့
အသက်သွေးကြောဆိုရင်လဲ မှားမည်မထင်ပါဘူး ဒီ တရုတ်ကလဲ ပူပူ မှုတ်စားသလိုပဲ
မြန်မာနိုင်ငံကလဲ ပညာ ကမတတ်တော့ ဘာလုပ်လုပ် သူများတိုင်းပြည်နဲ့ စီမံကိန်းတွေ ချချပြီးလုပ်ရတယ်
သူများတိုင်းပြည်က နည်းပညာ စီမံကိန်း လုပ်တာ မြန်မာကတော့ ကိုပ်ပိုင်နည်းပညာကို ထုတ်မသုံးနိုင်သေးဘူး
 ခင်ဗျား နောက်ဆို နိုင်ငံ ခြားလူမျိုးတောင် စီမံကိန်းနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခိုင်းမှာကြောက်ရတယ်
ထားပါတော့ လေ   ကျွန်တော်တို့က ပညာမှ မတတ်တာ ဒီတိုင်းပဲ သွားမှာပဲလေ
ပြောရတာလဲ ကိုယ့် ပေါင် လှန် ထောင်းတာပါပဲ  ဘာပဲဖြစ်ဖြစ် ပြောင်းလဲ မှု လေး တွေ အပေါ် မှာ
ကျေးဇူးတင်လှပါပြီ    သတိပြု ရမှာက နိုင်ငံရေး လှည့်ကွက်တွေဟာ ပရိယာယ် များတယ်
ဒီပြောင်းလဲ မှုတွေဟာဘာ့ ကြောင့် ပြောင်းလဲ ပေးနေတာလဲ   သူ့ပရိယာယ်တော့ရှိမယ်ထင်တာပဲ
 အတိုင်းတာတခုတော့ရှိမယ်ထင်တယ် သူတို့လိုက်လျှော ပြောင်းလဲ ပေးနိုင်သလောက်တော့
လုပ်ပေးမယ်ထင်ပါတယ် အတိုင်းတာကျော်ရင်တော့ A chip of the old block ဒီ ပုတ်ထဲကပဲ ဒီပဲ ဆိုရင်တော့
သန်းရွှေလိုပဲ သွားမှာပါ ဒါက စာရေးသူ အမြင်သဘော ထားပါ ဟုတ်ချင်မှလဲဟုတ်မယ်ပေါ့
ဒီလို ပြု ပြင်ပြောင်းလဲ ပေးသင့်တာ ဟာ ဆယ်စု နှစ်နဲ့ ကြာခဲ့ပါပြီ ဘာပဲဖြစ်ဖြစ် လေ
ဘယ် ဥပဒေ ဘယ် ပါတီ ဘယ်စီမံကိန်းပဲဖြစ်ဖြစ် အဓိ က တော့ တိုင်းပြည်သယာ ၀ပြောရမယ်၊
ပညာရေး၊စီးပွါးရေး၊နိုင်ငံရေး၊လူမှုရေး၊ လူ့ အဆင့်တန်းမှီအောင်ပေါ့လေ အဘက်ဘက်က ပေါ့
ကောင်းမွန်နေရမယ် ဒါအဓိကပဲမဟုတ်လား
ဒီလိုကောင်မွန်စေဖို့ဆိုရင်တော့ Democracy လမ်းစဉ်ဟာ အကောင်းဆုံးနဲ့ ထာဝရ ခိုင်မာသွားမယ်လို့
စာရေးသူယူဆမိပါတယ် ယခု ဦးသိန်စိန် စစ်အစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲမှု တွေဟာ
Positive effect ပေါ့ အပြုသဘေဆောင်တယ်မှန်တယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီ နိုင်ငံ ရေးအကျဉ်းသားတွေအားလုံးကိုချို့ ရွင်းချက်မရှိ ပြန်လွှတ်ပေးရပါမယ် ပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်လဲမှုတွေကို ဒီ့ ထက် ပြောင်းလဲပေးရပါမယ် နိုင်ငံရေးလွှတ်လပ်စွာ လုပ်ပိုင်ခွင့်
လွှတ်လပ်စွာပြောဆိုခွင့်ရှိဖို့ပါပဲ ဒါပေမဲ့ ၀မ်းသာစရာကတော့ ကျွန်တော်တို့ လွတ်လပ်ရေးဖခင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပတိကို ရုပ်ရှင် ဇာတ်ကားရိုတ်ကူးခွင့်ပေးတာပါပဲ
စာရေးသူစိတ်ထဲမှာ ကျေနပ် အားရမိပါတယ်ဘာပဲဖြစ်ဖြစ် ဒီပြုပြင်ပြောင်းလဲမှုပေါ်မှာကျေးဇူးအများကြီး
တင်မိပါတယ် နောက်ကိုလဲ  ဒီ့ထက်မက တဲ့ ပြောင်းလဲမှုတွေလိုနေပါသေးတယ် အထူးသဖြင့်
ပြည်သူ တွေ ဆင်းရျဲတွင်းမှ လွှတ်မြှောက်အောင်  From hand to mouth  ပေါ့ လက်လုပ်လက်စားတွေ အလုပ်လက်မဲ့ တွေပပြောက် တိုးတက်အောင်လဲ  ပြောင်းလဲမှုတွေလိုပါသေးတယ်
သတိထား စရာလေးတခုတော့ရှိပါေးတယ် ဦးခင်ညွန့်လက်ထက်မှာ သူဟာ နောက်ပိုင်းမှာ
 democracy လမ်းစဉ်ဘက်ကို လုံးဝဦးတည်မဲ့ ချိန်မှာ ချက်ချင်းပဲ ဖြုတ်ချလိုက်တာ
စာဖတ်သူလဲ သိခဲ့ပြီးမှာပါ ဦးသိန်းစိန်လက်ထက်မှာ လဲ democracy လမ်းစဉ်ကို ဦးတည်မှု များလာရင်ဘာဖြစ်
လာမည်ဆိုတာကို သိ ထားစောင့်ကြည့်ပါ ဒါ စာရေးသူ အမြင်ပါ ဖြစ်လာရင်မှလဲဖြစ်မှာပါ
ထင်မြင်ယူဆချက်ပါ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ပြည်သူ တွေ လိုလားနေတဲ့
လမ်းစဉ် ကောင်းတခု ပြောင်းလဲနိုင်ပါစေလို့လဲ ဆုတောင်းလျှက်ပါ
                  ချစ်သောမြန်မာပြည်သို့

                                                                                                     ရဲမင်းလေး

No comments: