့home

ရေဆိုတာ အမြဲ စီးဆင်းနေမှ ကြည်လင်သလို ဘ၀ဆိုတာလဲ အမြဲကြိုးစားနေမှ အောင်မြင်မယ်
သင်နှစ်သက်ရာအရောင်Click နိတ်ပြီးရွေးခြယ်ကြည်နိုင်ပါသှ်

Wednesday, 18 January 2012

သားလူမိုက်

နှစ်ပြောင်း သက္ကရာဇ် (၂၀၀၇) ကပေါ့ မလေးရှားဆိုတဲ့ နိုင်ငံကို ရောက်ခဲ့ရတယ် ငါတစ်ယောက်........
ကံတရား ရဲ့ လှည့်ကွက်တွေနဲ့ အရာရာမပြည့်စုံတဲ့ ငါ့ဘ၀ ဌာနေကို ပြန်ချင်စိတ်တွေ တားမရသော်လဲ ရေမြေခြားမှာလေ အဆင်ပြေအောင်
နေထိုင်နေရတယ်..... ရေမြေတွေခြား တိုင်းတစ်ပါးမှာ ဘ၀ရဲ့ ကြမ်းတမ်း ခါးသီးတဲ့ ဒုက္ခတွေနဲ့ အရာရာဟာ မျှော်လင့်ချက်မဲ့နေသလိုပဲ
မျှော်လင့်သလို ဖြစ်မလာတဲ့ ငါ့ဘ၀ သြော်....................
အဆင်မပြေမှုလေးတွေကို အဆင်ပြေအောင် ကြိုးစားရင်းနဲ့ အဝေဆီက မလေးရှား မှာ ဘ၀အတွက် အောင်မြင်မှုတွေ ရှာရင်း အလွမ်းဆိုတဲ့
သောကတွေ ရင်ဝယ်ပိုက်ပြီး နွေးထွေးလှတဲ့ မိသားစုအိမ်လေးကို အခေါက်ခေါက် အခါခါ တွေးတောရင်းနဲ့ လွမ်းရေးထက် ၀မ်းရေးခက်ရသူမို့
အိမ်ပြန်ဖို့ခက်နေတာ ခုဆို (၅) နှစ်တောင်ပြည့်နေပြီပဲ...........သြော်.........
ဖြစ်ချင်တိုင်းမဖြစ်ရတဲ့ လောက ကြီးကလဲ ဆန်းကျယ်လိုက်တာနော် ....ဘာကြာင့်များ ငါ့ကိုမှ ဒုက္ခ တွေအများကြီးပေးထားရတာလဲ .......?
ဘာကြောင့် လူတွေ က ငါ့ကို အကောင်းမပြောကျတာလဲ.......? ဘာကြောင့် ငါ့မှာ တစ်ယောက်တည်း အဝေးမှာ နေနေရတာလဲ...?
ဘာကြောင့် ငါနေတိုင်း လူတွေ မသိအောင် တစ်ယောက်တည်း ငိုကြွေးနေရတာ လဲ....? ဘာကြောင့် အမေက မိသားစု အားလုံးကို ထားခဲ့ပြီး
လူ့လောက
ကထွက်သွားရတာလဲ..? ငါကိုယ်တိုင် မသိတဲ့ မေးခွန်း ငါဘာလို့ မေးနေရတာလဲ..? သြော် .......
အမေ ရောက်ရာ ဘ၀ မှာပျော်ရွှင်ပါစေ အမေ ခု ဘယ်ဘ၀ ကိုများရောက်နေလဲ သား သိချင်မိတယ် အမေ ရယ်.............
သား အရမ်းကို သတိရနေတာ အမေ့ ကိုပေါ့ .......... ဘယ်အရာမဆို မေတ္တာ ထားပြီး အပြုံးတွေနဲ့ သွန်သင်ဆုံးမတတ်တဲ့ အမေ ........သြော်
မပြောတော့ပါဘူး.....  အမေ မှ မသိတော့တာ ဒါပေမဲ့ အမေ ရယ် ငြီးငွေ့ ဖို့ကောင်းတဲ့ မလေးရှား ရဲ့မြေပေါ်မှာနေရင်းနဲ့
 ထမင်းစားချိန်ရောက်ရင်လဲ .....
အမေ့ ကို သတိရပြန်တယ် အမေ ရယ် ဆန်ကြမ်းထမင်း အချဉ်ရေဟင်းလေးနဲ့ ငပိရည် တို့စရာလေးနဲ့ အမေ့ ရဲ့ ဟင်းလျှာတွေကို
သတိရလို့ပေါ့ အမေ ရဲ့............. အမေ သိရဲ့ လား သား လေ အနိစ္စဓူဝ တွေ ရင့်ကျတ်ဖို့အတွက် သား လျှောက်တော့ လျှောက်နေဆဲပါ အမေ.....
ပန်းခင်းထဲလား ဆူးခင်းထဲလား  သား မသိတေးဘူး မလေးရှား ရဲ့ စိန်ခေါ်မှုတွေနဲ့ ဒုက္ခတွေ ဖတ်လှဲတကင်းနဲ့ အိမ်မက်တွေ
မှောက်မှားနေချိန်မှာတော့ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က အမေ့ အိမ်လေးကိုပဲ လွမ်းနေခဲ့တာပါ အမေ ရယ်.........
အမေ့ သား လူမိုက်ကြီး အလင်းကိုဖြတ်ပြီးမှ အမှောင်ကိုပဲ ရောက်ရောက် အမှောင် ကိုဖြတ်ပြီးမှ အလင်းကိုပဲ ရောက်ရောက်
သား ဆက်လျှောက်မယ် အမေ.... သေချာတာကတော့ အမေ... အမေ... အမေ့ သိရဲ့လား သား မလေးရှား မှာ လမ်းပျောက်နေတုန်းပဲ............
အမေ သား သိလိုက်ရတဲ့ ဘ၀ဆိုတာ ပဠိပက္ခ တွေအုံနဲ့ကျင်းနဲ့ပါ  ပစ္စုပ္ပန် ကို အရင်းပြုပြီး အနာဂတ်ကို ထိုးဆွဲစိန်ခေါ်တာမျိုး ပါ အမေ
အမှန်တကယ် နားလည်မှုတွေကို တော့ သား သင်ကြားကိုးစားနေဆဲပါပဲ အမေ.........
ဘာပဲဖြစ်ဖြစ် သား လူမိုက်ကြီး ဒီတစ်ခေါက် မလေးရှား မှာအဓိပ္ပါယ် ဖွင့်ပြီးရင်တော့ စိတ်ချပါ အမေ....... သား အမေ့ အိမ်လေးဆီ ပြန်လာမှာပါ
..........အမေ  
                                                                             
မှတ်ချက် ၊၊   ၊၊  မောင်မျိုးဝင်း ပြောရင်တော့ မောင်မျိုးဝင်း ရင်တွင်း ဖြစ်ပေါ့ မောင်စိန်ဝင်း ပုသီးကုန်း ပြောရင်တော့ မောင်စိန်ဝင်း ရင်တွင်းဖြစ်ပေါ့
ရဲမင်းလေး
ပြောတာဆိုတော့ ...........ကဲ

စာဖတ်သူ ဒီစာကို ပြီးအောင် ဖတ်ပေးတဲ့ အတွတ် စာဖတ်သူကို ကျေးဇူးတင်ပါတယ် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ
စာရေးသူတာသိပါတယ်....






                                                                                                   အမေ့ ရဲ့  သားလူမိုက်
                                                                                                                                   ရဲမင်းလေး

No comments: